အောင်လံဈေးကွက်မှာ ပဲစင်းငုံနီဈေးအနည်းငယ်ကျလာပြီး သိပ္ပံနှမ်းဈေး မြင့်လာ
အောင်လံဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က အိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေအပေါ်မူတည် ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး ကျလာပြီး တစ်ပိဿာကို ၁၀၃၅ ကျပ်(တစ်တန်ကို ၆၃၃၈၂၃ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒေသထွက်သိပ္ပံနှမ်းကို ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် မြင့်လာပြီး တစ်ပိဿာကို ၃၀၆၇ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀ မှ ၁၀၀ ကြားသာအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည် တစ်ဦးက ဆိုပါတယ်။
