ပြည်ဈေးကွက်မှာ သြင်္ကန်အပြီး ပဲမျိုးစုံဈေးမာလာပြီး အရောင်း အဝယ် သွက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ မတ်ပဲ၊ ပဲစင်းငုံနီ နဲ့ ကုလားပဲက အရောင်းရော အဝယ်ပါနည်းနည်းအေးလာတာ ကြောင့် ဈေးကအကျဘက်မှာရှိနေကြောင်း ပွဲရုံရပ်ကွက်က ဆိုပါ တယ်။ မတ်ပဲကို ရန်ကုန်ဝယ်လက်က ပုံမှန်ထက်စာရင် ဝယ်လိုအား ကျဆင်းတာကြောင့် ဈေးကျလာပြီး တစ်ပိဿာ ၈၇၅ ကျပ်(တစ်တန် ကို ၅၃၅၈၄၁ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၃၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကတော့ ဈေးကွက်သို့ အဝင်မရှိတော့ဘဲ ပဲလက်ကျန်များသာ ရန်ကုန်ဝယ်လက် အပေါ်မူ တည်ပြီး တစ်ပိဿာ ၁၀၄၅ ကျပ် (တစ်တန်ကို ၆၃၉၉၄၇ ကျပ်) ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၀၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)က ဈေးကွက်သို့ ပန်း တောင်း၊ ကံမအနီးတစ်ဝိုက်များမှ အဝင်အနည်းငယ်သာရှိပြီး ရန်ကုန် ဝယ်လက်နဲ့ ပဲခွဲစက်များက တစ်ပိဿာကို ၉၇၅ ကျပ်(တစ်တန်ကို ၅၉၇၀၈၀ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background