Main menu

Background

ကုန်စည်ဒိုင်အသီးသီး၏ လက်ရှိအရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများနှင့် ဈေးကွက်အခြေအနေ (၆-၅-၂၀၁၃)

Tue, 05/07/2013 - 13:11 -- ydnar

*    မတ်ပဲကို ပြည်ပအဆွဲရော၊ ပြည်တွင်းခွဲစက်တွေပါ ဝယ်လိုအားလျော့သွား လို့ ဘုရင့်နောင်၊ ဟင်္သာတ၊ ပြည်နဲ့ မန္တလေးမှာ ဈေးကျ *    ပဲစင်းငုံနီကို အိန္ဒိယ အဆွဲလျော့သွားသလို ပြည်တွင်းလှောင်လက်တွေက လည်း     ဝယ်လိုအားအေးသွား တာကြောင့် ပြည်တွင်းဈေး ကွက်တိုင်းမှာ အောက် ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေ *    ပဲတီစိမ်းကို တရုတ်ဈေးချအဝယ်ရှိလို့ မန္တလေးနဲ့ မုံရွာမှာ ဈေးကျလာ *    ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန်ဝယ်လက်နဲ့ ပြည်တွင်း ခွဲစက်တွေ ဝယ်အားက ပုံမှန်ထက်စာရင် လျော့သွားတာကြောင့် မန္တလေး၊ မကွေး၊ ပခုက္ကူနဲ့ မုံရွာမှာ ဈေးကျ *    ပြောင်းကို တရုတ်နဲ့ ပြည်တွင်းအစာစပ်များ အဝယ်ပါးလို့ ဈေးကျဆင်း *    နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းဆီစက်တွေဝယ်အားပုံမှန်ရှိလို့ ဈေးမြင့်