Main menu

Background

မန္တလေးဈေးကွက်မှာ ပဲမျိုးစုံဈေးဆင်းလာပြီး နှမ်းမျိုးစုံဈေးမာလာ

Tue, 05/07/2013 - 13:18 -- ydnar

မန္တလေးဈေးကွက်မှာ သြင်္ကန်အပြီး ပဲမျိုးစုံဈေးမာလာပြီး အ ရောင်းရော အဝယ်ပါသွက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ အိတ်စပို့ ဝယ်လက်တွေက ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေအပေါ် မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ဈေးကအကျဘက် မှာရှိနေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ယခင်အပတ်က တစ် ပိဿာ ၉၀၈ ကျပ်(တစ်တန်ကို ၅၅၆၀၅၀ ကျပ်)ဈေးနဲ့ အရောင်းအ ဝယ်သွက်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက်နဲ့ ပဲခွဲစက် များက ဝယ်လိုအားကျဆင်းသွားတာကြောင့် ဈေးကျလာပြီး တစ်ပိ ဿာ ၈၃၃ ကျပ်(တစ်တန်ကို ၅၁၀၁၂၀ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၄၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကတော့ ဒီတစ်ပတ်ရန်ကုန် ဝယ်လက် က ဈေးပေးအဝယ်မရှိ  သလို ဝယ်အားပါနည်းသွားတာကြောင့် ဈေးကျလာပြီး တစ်ပိဿာ ကို ၁၀၅၀ ကျပ်(တစ်တန်ကို ၆၄၃၀၀၉ ကျပ်)ဈေး နဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ ဒါ့အပြင် ပဲတီစိမ်းကြီးကိုလည်း တရုတ်ဝယ်လက်က ဒီတစ်ပတ်မှာ ဈေးချအဝယ်ရှိသလို ရောင်းလက်များကလည်း ကြိုက် ဈေးမရလို့ အရောင်းနည်းသွားကြောင်း ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၂၆၂ ကျပ်(တစ်တန်ကို ၇၇၂၈၃၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ သြင်္ကန်ရက်အပြီးမှာ ဈေးကောင်းရခဲ့တဲ့ ကုလားပဲဖြူ လုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက် နဲ့ ဒေသတွင်း ခွဲစက်တွေရဲ့ ဝယ်လိုအားက ပုံမှန်ထက်စာရင် လျော့သွား တာကြောင့် ဈေးကကျရိပ်သန်းလာကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၉၇၈ ကျပ်(တစ်တန်ကို ၅၉၈၉၁၇ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်)တစ် ပိဿာကို ၉၄၇ ကျပ်(တစ်တန်ကို ၅၇၉၉၃၃ ကျပ်)ဈေးနဲ့ နှစ်မျိုး ပေါင်း တစ်ရက်ကိုအိတ် ၁၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နှမ်းမျိုးစုံက ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် နည်းနေ ပေမယ့် တရုတ်ဝယ်လက်နဲ့ ဒေသတွင်းဆီစက်တွေက ဝယ်လိုအား ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာကြောင်း သိရ ပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းဖြူတစ်ပိဿာ ၂၈၄၄ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၄၄၄ ကျပ်၊ နှမ်းကြားတစ်ပိဿာ ၂၃၃၃ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၃၂၄၄ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၇၀၀ မှ ၈၀၀ ကြားဖြစ်ခဲ့ကြောင်း သိရပါတယ်။