ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီများမှတ်ပုံတင်ရာမှာ လုပ်ငန်းအမျိုးအစား (၈) မျိုး ခွဲခြား မှတ်ပုံတင်ပေးခဲ့ရာမှ ယခုအခါ လုပ်ငန်းအမျိုးအစား ခွဲခြားမှတ်ပုံတင်ခြင်းမပြုဘဲ သင်းဖွဲ့မှတ်တမ်းမှာ မိမိတို့ လုပ် ကိုင်ဆောင်ရွက်မဲ့ လုပ်ငန်းများကိုတိကျစွာထည့်သွင်းဖော်ပြမှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ဘဏ် လုပ်ငန်းနဲ့စပ် လျဉ်းပြီး မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေများနဲ့အညီ လိုက်နာကျင့်သုံးရမဲ့ ကုမ္ပဏီသက်တမ်း တိုးမြှင့်ခြင်းကို လက်ရှိ (၃) နှစ် ခွင့်ပြုထားရာမှ (၅) နှစ်အထိ တိုးမြှင့်သတ်မှတ်ပေးလိုက်ပြီလို့ သတင်းရရှိပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများကို ပိုမိုလွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်ရေး၊ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာမှာ အပိုကုန်ကျစရိတ်များလျော့နည်းသက်သာစေရေးနဲ့ အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ပေးလိုက်တာလို့ သိရှိရပါတယ်။ကုမ္ပဏီများမှတ်ပုံတင်ရာယခင်ကဖော်ပြကြရတဲ့လုပ်ငန်းအမျိုးအစား (၈) မျိုးကတော့ " ရောင်းဝယ်ရေး လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ စက်မှုလက်မှုနှင့်ထုတ်လုပ်မှုလုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ကျောက် မျက် လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်း" တို့ဖြစ်ကြပါတယ်။Source: ကညကပန်