Main menu

Background

ကြံစိုက်တောင်သူများသို့ထုတ်ပေးသည့် သွင်းအားစုများတွင် အန္တရာယ်ရှိစေသည့် ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာများမပါဝင်ရေးဆွေးနွေးပြောကြား

Tue, 05/07/2013 - 14:20 -- ydnar

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့်မိမိတို့ ဒေသတွင်လုပ်ကိုင် နေသော ကြံစိုက်ပျိုးရေး လုပ်ငန်းတွင် သွင်းအားစုဖြစ်သည့် ဓာတ်မြေသြဇာ နှင့်ပိုးသတ်ဆေးများပေးပို့ရာတွင် အန္တရာယ်ဖြစ်စေသောပိုး သတ် ဆေးများ အား ဒေသခံပြည်သူများသို့ထုတ်ပေးရာတွင် မပါဝင်စေလို၍ စိစစ်ပေး စေလိုကြောင်း ချင်းရွှေဟော် စခန်း ရဲ့ ၂၀၁၃ ခုနှစ်ဧပြီလအတွက် ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူကာကွယ်ပေးရေးညှိနှိုင်းအစည်းအဝေးမှာ ကွမ်းလုံခရိုင် ကုန်သည် လုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးအယ်ဒိန်းဘောင်မှ  ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 
ဆက်လက်ပြီးမြန်မာစိုက်ပျိုးရေးလုပ်ငန်းဦးစီးဌာနမှ မည်သည့်ပိုးသတ်ဆေး ကို အသုံးပြုသင့်ကြောင်း၊ မည်သည့်ပိုးသတ်ဆေးကို အသုံးမပြုသင့်ကြောင်း ရရှိ ပါက အကောက်ခွန်ဦးစီးဌာနအနေဖြင့် စနစ်တကျစစ်ဆေးပေး ရန်နှင့် မိမိတို့ ဌာနမှလည်း Mobile Team   အဖွဲ့မှ  အန္တရာယ်ဖြစ်စေသောပိုး သတ်ဆေးများ မပါရှိစေရေး ပိုးသတ်ဆေးကဲ့သို့ဓာတ်မြေသြဇာများကိုပါ အကောက်ခွန်ဦးစီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံး သူရေး ရာဦးစီးဌာနနှင့်ပူးပေါင်းအဖွဲ့များကုန်သည် လုပ်ငန်းရှင်များ ဒေသအာဏာပိုင်အဖွဲ့အစည်းများဖြင့် စနစ်တ ကျရေရှည် အတွက်တားဆီးနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းချင်းရွှေဟော် စခန်းတာဝန်  ခံညွှန်ကြားရေးမှူး ဦးကျော်စိုးလင်းမှပြောကြားခဲ့ပါတယ်။     ကွမ်းလုံခရိုင်အုပ်ချုပ်ရေးမှူးဦးစိန်အုပ်မှ ကြံစိုက်ေ တာင်သူများ သို့ ထုတ် ပေးထားတဲ့သွင်းအားစုများမှာ ပါဝင်တဲ့ ပိုးသတ်ဆေးများမှာ အန္တရာယ်ရှိစေတဲ့ ပိုးသတ်ဆေး များမပါဝင်စေ ရန် ကုန်ပစ္စည်းစစ်ဆေးတဲ့  အကောက် ခွန်ဦးစီးဌာနမှ စနစ်တကျစစ်ဆေးပေးရေးနဲ့ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း ဦးစီးမှခွင့်ပြုတဲ့ ပိုးသတ်ဆေး အမည်စာရင်းများ ရရှိရေး၊ ခွင့်မပြုသောပိုးသတ်ဆေး၊ ဓာတ်မြေ သြဇာများ ဝင်ရောက်ခြင်းမရှိစေရေး ကာကွယ် တားဆီးသွားရန်၊ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့်ကြံ စိုက်ပျိုးရေး သည် ရေရှည်စီမံကိန်းဖြစ်သဖြင့် မိမိတို့ဘက်မှ လည်းပိုးသတ်ဆေး အသုံးပြုသည့် ကြံစိုက်တောင်သူများ အန္တရာယ်မဖြစ် စေရေး ရေရှည်ကြည့်၍ စနစ်တကျဆောင်ရွက်သွားကြရန် အသိပေးပြော ကြားခဲ့တယ် လို့သတင်းရရှိပါတယ်။ Source: ကသရ (ခရဟ) DCCA (MIRT)