Main menu

Background

လွယ်ဂျယ်နယ်စပ် ဖရဲသီးတင်ပို့မှု အားကောင်း

Tue, 05/07/2013 - 14:26 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ် ကူးသန်းရောင်းဝယ်ရေး စခန်းမှ ဖရဲသီးတင်ပို့ရန်အတွက် မတ်လ ၁ ရက်နေ့ မှစပြီး  ITC  ကတ်နဲ့လုပ်ငန်းဆောင်ရွက်မှုစတင်ဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၁၃ ခုနှစ် မတ်လမှာ ကန်ဒေါ်လာ သုည ဒသမ ၁၉၁ သန်းတန်ဖိုးရှိတဲ့ ဖရဲသီး ၁၆၆၁ တန်ကိုတင်ပို့နိုင်ခဲ့ပြီး ဧပြီလမှာတော့ ကန်ဒေါ်လာ သုညဒသမ ၇၆၀သန်းဖိုးရှိ ဖရဲသီး ၆၇၆၀တန်ကိုတင်ပို့နိုင် ခဲ့တာတွေ့ရပါတယ်။ကုန်သည်ငယ်များတစ်ပိုင်တစ်နိုင်ကူးသန်းရောင်း ဝယ် နိုင်အောင်  ITC ကတ်နဲ့ဆောင်ရွက်ခွင့်ပေးလိုက်တာကြောင့် လွယ်ဂျယ်မှာယခုလို ဖရဲသီးတင်ပို့မှုအားကောင်း လာတာဖြစ်ပါတယ်။ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ၂၀၁၃ ခုနှစ် ဧပြီလမှာ တန်ချိန် ၆၀၀၀၀ နီးပါးတင်ပို့ခဲ့တာတွေ့ရပါတယ်။ သီပေါ၊ လားရှိုး၊ သိန္နီနဲ့နောင်ချိုတစ်ဝိုက်က ထွက်တဲ့ ဖရဲအဖြူသီးက တစ်ဖက်နိုင်ငံမှာ တစ်ကီလိုကို ၁ ဒသမ ၅ ယွမ်- ၂ ဒသမ ၈ ယွမ်ဈေးနဲ့ ဖရဲအကြား သီးတစ်ကီလိုကို ၂ ယွမ် - ၃ ဒသမ  ၅ ယွမ်ကြားဈေးပေါက်တယ် လို့သိရပါတယ်။ မော်မော်အောင် MIRT (DCCA)