နောင်ချိုအေးရှားဝေါလ်ဂိတ်မှာ ဧပြီလ ၃၀ ရက် ၁၉း၀၀ ချိန်မှ မေလ ၁ ရက် ၁၉း၀၀ ချိန်ထိ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရား မဝင် ကုန်သွယ်မှုတားဆီးရေးအဖွဲ့-၁ (လရ-၁) ဟာ အတက်ဂျူတီ ယာဉ်ကြီး ၈၅ စီး၊ မှန်လုံယာဉ် ၂၁ စီး၊ ယာဉ်ငယ် ၅၃ စီးနဲ့ အဆင်းဂျူတီယာဉ်ကြီး ၁၂၁ စီး၊ မှန်လုံယာဉ် ၂၈ စီး၊ ယာဉ်ငယ် ၈၂ စီးတို့အားစစ်ဆေးမှုပြုခဲ့ပါတယ်။
၆ဘီးယာဉ် ၆ခ/xxxx ယာဉ်ပေါ်မှာ ဂျူတီဆောင်ထားတဲ့ မြေဆီအိတ်များအောက်မှဝှက်သယ် လာတဲ့ ဘီယာဖာ ၂၅၀ ကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ ထိုနေ့ကအခြားယာဉ်များမှစစ်ဆေးတွေ့ရှိချက်တွေကတော့ ကြက်အူချောင်း၊ အချိုရည်၊ မုန့်၊ ပန်းကန်ဖာ၊ ပဲငပိ ၁၀ ဖာ၊ ပဲငပိပုလင်း ၁၀ ဖာ၊ Mark II နဲ့သယ်လာတဲ့ တမလန်းလို့ယူဆရတဲ့ မိုးကာ ၃ ထုပ်၊ တရုတ် တိုင်းရင်းဆေး ၅ ဖာတို့ပဲဖြစ်ပါတယ်။ ဖမ်းဆီးရမိပစ္စည်းများကို အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ သိမ်းဆည်းထားတယ်လို့သိရှိရပါတယ်။ Source: လရ-၁MTN