ကျပ် ၁၃ သန်းကျော်တန်ဖိုးရှိ ပုပ်သိုးပျက်စီးလွယ်များ ဖျက်ဆီးရပြန်

ဧပြီလ ၂၂ ရက်နဲ့ ၂၃ ရက်များကနောင်ချိုအေးရှား ဝေါလ်ဂိတ် အနီး လှုပ်ရှားစစ်ဆေးရေးအဖွဲ့ (၁) က ဖမ်းဆီးရ မိခဲ့တဲ့ ကျပ် ၁၃ ဒသမ ၈၇၃ သန်းတန်ဖိုးရှိ အေးခဲဘဲသား ၁၆၅၀ ကီလို၊ ကြက်အူ ချောင်းအစို ၅၀ ဖာ၊ အေးခဲကြက်သား ၂၅ ဖာ၊ ကြက်ဖင်ဆီဘူး ၂၆၂၅ ကီလိုဂရမ်၊ ပင်လယ်စာ ၂၄၇၅ ကီလိုဂရမ်အား အမှုတွဲ ဖွင့် ဆောင်ရွက်ခဲ့ပြီး ဧပြီလ ၂၆ ရက် ၁၄း၀၀ ချိန်မှာ ဒီဇယ်/ဓာတ်ဆီ များလောင်း၍ မီးရှို့ဖျက်ဆီးခဲ့တယ် လို့သတင်းရရှိပါတယ်။ Source:လရ-၁၊ MTN