Main menu

Background

မူဆယ်မှပြောင်းတန်ချိန်ယခင်အပတ်ကထက် နှစ်ဆကျော် တင်ပို့နိုင်

Tue, 05/07/2013 - 14:34 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဧပြီလ ၂၄ ရက်မှ ၃၀ ရက်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၈၄၀ သန်းတန်ဖိုးရှိ ပြောင်းဖူး စေ့တန်ချိန် ၁၀၃၂၅ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် ကတန်ချိန် ၅၀၀၀ ကျော်သာတင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာ နှစ်ဆပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ ကန်ပိုက်တီးကူး သန်းရောင်းဝယ်ရေးစခန်းမှလည်း ယခုအပတ်မှာကန်ဒေါ်လာ သုည ဒသမ ၀၂၅ သန်းဖိုး ရှိ ပြောင်းဖူးစေ့ ၇၂ တန်တင်ပို့ခဲ့ပြီး ယခင်အပတ်က၁၂ တန်ခွဲ သာတင်ပို့နိုင်ခဲ့တာမို့ ၅၉ တန်ကျော်တင်ပို့နိုင် ပိုမိုခဲ့ပါတယ်။ ၂၀၁၃ခုနှစ် ဧပြီလအတွင်းကူးသန်းရောင်းဝယ်ရေးစခန်းအားလုံးမှ ပြောင်းတန်ချိန်စုစုပေါင်း ၃၁၈၉၆ တန်တင်ပို့နိုင်ခဲ့တယ် လို့သိရပါတယ်။နှစ်ဖက်နိုင်ငံပြောင်းဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် -

 
မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ယခု        ယခင်     ပြောင်းလဲမှု    %    ယခု    ယခင်    ပြောင်းလဲမှု    % ၂၉၀၆၂၉    ၃၁၃၃၄၈    ၂၁၇၁၉        ၇    ၃၄၄    ၃၅၉            ၁၅         ၄မော်မော်အောင်၊ MIRT (DCCA)