ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဧပြီလနောက်ဆုံးပတ်မှာ ရော်ဘာတင်ပို့မှုမရှိခဲ့ပါဘူး၊ ဧပြီလ တစ်လလုံး အနေနဲ့တော့ ကန်ဒေါ်လာ ၃ဒသမ၅၆၅ သန်းတန်ဘိုးရှိ ရော်ဘာအဆင့်စုံ တန်၁၄၃၀ ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလ နဲ့နှိုင်းယှဉ်ကြည့်ပါက တန် ၁၀၀ ကျော်လျော့နည်းခဲ့ပါတယ်။ လျော့နည်းရတဲ့ အကြောင်းရင်း ကတော့ နှစ်သစ်ကူး ကာလမှာ ရော်ဘာတင်ပို့မှုမရှိတဲ့အတွက် ဖြစ်ပါတယ်။၂၀၁၃ ခုနှစ်ရဲ့ ပထမလေးလတာ ကာလဖြစ်တဲ့ ဇန်နဝါရီလမှ ဧပြီလအထိ ကန်ဒေါ်လာ ၂၇ ဒသမ ၀၆၃ သန်း တန်ဘိုးရှိ ရော်ဘာအဆင့်စုံ ၉၇၅၈ တန်ကျော်ကို နိုင်ငံ သုံးနိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ နိုင်ငံအလိုက်တင်ပို့မှုတွေကတော့ မလေးရှားနိုင်ငံသို့ ၆၁၃၁ တန်ကျော်၊ တရုတ်နိုင်ငံသို့တန် ၂၁၁၀ ကျော်၊ စင်္ကာပူနိုင်ငံသို့ ၁၅၁၇ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။
ယခုအပတ် နိုင်ငံတကာ ရော်ဘာပေါက်ဈေးမှာယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက အတက်အကျ ကွာခြားမှု မရှိတာတွေ့ရပါတယ်။ ပြည်ပပို့မည့်ရော်ဘာဈေးများမှာလည်း ယခင်အပတ် အတိုင်း ပြောင်းလဲမှု မရှိဘဲ RSS 1 တစ်တန်လျှင် ဒေါ်လာ၂၄၀၀-၂၅၀၀၊ RSS 3 နဲ့ MSR 20 တစ်တန်လျှင် ဒေါ်လာ၂၃၀၀-၂၄၀၀၊ RSS 5 နဲ့ MSR 50 တစ်တန်လျှင် ဒေါ်လာ၂၂၀၀-၂၃၀၀၊MSR 10 တစ်တန်လျှင် ဒေါ်လာ၂၃၅၀-၂၄၅၀၊ Creep Rubber တစ်တန်လျှင် ဒေါ်လာ၂၁၀၀-၂၂၀၀ ဖြစ်ကြောင်းမြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းကထုတ်ပြန်ထားတဲ့ သတင်းအရသိရှိရပါတယ်။ယဉ်ယဉ်အေး (DCCA )