Main menu

Background

တောင်ကိုရီးယားဗဟိုဘဏ်ရဲ့ အတိုးနှုန်း ဆုံးဖြတ်ချက်ကို ဝေဖန်ဆန်းစစ်သူတို့ သဘောထားကွဲလွဲ

Mon, 05/13/2013 - 10:17 -- ydnar

တောင်ကိုရီးယားဗဟိုဘဏ်က မေလအတွက် ဗဟိုဘဏ်အတိုးနှုန်းကို လျှော့ချခြင်းပြုမပြုနဲ့ ပတ်သက်ပြီးေ၀ ဖန်ဆန်းစစ်သူတို့အကြားသဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်သူအများစုကတော့ စီးပွား ရေး နာလန်ထူမှု အလားအလာတွေကို ရည်ညွှန်းပြီး အတိုးနှုန်းကိုတင်းကျပ်မယ် ဆိုတဲ့အယူအဆဘက်မှာ အလေး သာ နေကြောင်း သဘောထားစစ်တမ်း ကောက်ခံချက်တစ်ခုမှာ မေ ၇ ရက်က ဖော်ပြထားပါ တယ်။ တောင် ကိုရီးယား ဗဟိုဘဏ်က ဗဟိုဘဏ်ကနေ ဘဏ် တွေကို ထုတ်ပေးတဲ့နှုန်းကို ၂ ဒသမ ၇၅ ရာခိုင်နှုန်းအတိုင်း ခုနှစ်လမြောက် ဆက်လက်ထားလိမ့်မယ်လို့ စစ်တမ်း ကောက်ယူခဲ့ တဲ့လေ့လာဆန်းစစ်သူ ၂၃ ဦးအနက် ၁၂ ဦးက ခန့်မှန်းထား ကြောင်း ယွန်ဟပ်သတင်းဌာနက ပြု လုပ်တဲ့ စစ်တမ်းမှာ ဖော်ပြထားပါ တယ်။

စီးပွားရေးမရေရာမှုက သောင်း ကျန်နေဆဲဖြစ်တဲ့အတွက် အစိုးရရဲ့ စီး ပွားရေးတွန်းအားပေးအစီအစဉ်တွေနဲ့ အညီ ဗဟိုဘဏ်ကလည်း အရေးယူ ဆောင်ရွက်ဖို့လိုလာပါတယ်။ဒါကြောင့် ကျန် လေ့လာဆန်းစစ်သူ  ၁၁ ဦး ကတော့ မေလအတွက် အတိုးနှုန်း လျှော့ချပေးလိမ့်မယ်လို့ မှန်းဆထားပါ တယ်။