Main menu

Background

ဘတ်ငွေတန်ဖိုးမြင့်တက်နေတာ ထိန်းချုပ်ဖို့ ထိုင်းဗဟိုဘဏ်က အစီအမံလေးခုတင်ပြ

Mon, 05/13/2013 - 10:29 -- ydnar

ဘတ်ငွေတန်ဖိုးမြင့်တက်နေတာ ကိုဖြေရှင်းမဲ့ အစီအမံလေးခုကို ထိုင်း ဗဟိုဘဏ်ကဝန်ကြီးအဖွဲ့အစည်းအဝေး ကို မေ ၈ ရက်က တင်ပြခဲ့ပါတယ်။ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေက ဗဟိုဘဏ်ဘွန်းစာချုပ်တွေကို ဝယ်ယူ တာကိုတားမြစ်တာကအစ ရေတိုဈေး ကစားမှာကို ကာကွယ်ဖို့ ဘွန်းစာချုပ် တွေကို ပိုင်ဆိုင်မှုကာလ သတ်မှတ် တာကအဆုံးပါဝင်တဲ့ အစီအမံတွေကို ဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး ဖြစ်သူ ကစ်တီရတ်နာရနောင်းကကြေ ညာခဲ့ပါတယ်။ ထိုင်းဗဟိုဘဏ်က ဒီလို အရေးယူဆောင်ရွက်ဖို့ အစီအစဉ်မျိုး ကို ယခင်ကဆောင်ရွက် ခဲ့ခြင်းမရှိပါ ဘူး။ ဒုတိယအစီအစဉ်က ဈေးကစား မှာကို ကာကွယ်ဖို့အတွက် နိုင်ငံခြားရင်း နှီးမြှုပ်နှံသူတွေကို ခုလက၆ လအတွင်း သက်တမ်းရှိတဲ့ အစိုးရသို့မဟုတ်အစိုးရ စီးပွားရေး လုပ်ငန်းတွေက ထုတ်ဝေတဲ့ ဘွန်းစာချုပ်တွေကို ဝယ်ယူခွင့်မပြုတာ ဖြစ်ပါတယ်။

တတိယအစီအမံက ဘွန်းစာချုပ် တွေမှာ ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံခြားသား တွေကို ရရှိတဲ့အကျိုး အမြတ်ကေ နအခ ကြေးငွေကောက်ခံဖို့ ဖြစ်ပါတယ်။ အဆို ပြုထားတဲ့ အစီအမံတွေ အတွက်လမ်း ခင်းပေးနိုင်အောင် ဘဏ္ဍာ ရေးဝန်ကြီး ဌာနက ဥပဒေကို ပြင်ဆင်ပေးရမှာ ဖြစ် ပါတယ်။ စတုတ္ထအစီအမံ ကတော့ နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံ သူတွေက အကျိုး အမြတ်တွေနဲ့ စွန့်စားမှုတွေကို လက်ခံ ရယူခြင်း မပြုဘဲ ငွေလဲလှယ်နှုန်းကို အကာအရန်အဖြစ် မဖြစ်မနေဆောင် ရွက်စေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ် ကိုတော့ ဘယ်နိုင်ငံကမှ မသုံးသေးဘူး လို့ဗဟိုဘဏ်ကပြောပါတယ်။ ပြီးတော့ အရန်ငွေကြေးတွေ သပ်သပ်ဖယ်ပြီး စုဆောင်းထားဖို့လိုလည်း ဗဟိုဘဏ်က အကြံပြုပါတယ်။