ဗီယက်နမ်ရဲ့ စက်မှုကုန်ထုတ်လုပ် မှုက ဧပြီမှာဒေါ်လာ ၁ ဘီလီယံကို ရောက်တဲ့အထိ ကုန်သွယ်မှုလိုငွေပြရာ ကနေ ပြန်လည်နာလန်ထူလာတာ ကို တွေ့ရကြောင်း မေ ၆ ရက်ကထုတ်ပြန် တဲ့ စက်မှုနဲ့ကုန်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြ ထားပါတယ်။ ဧပြီလ စက်မှုကုန်ထုတ် လုပ်မှုအညွှန်းကိန်းက ယခင်နှစ်ကာလ တူနဲ့ နှိုင်းယှဉ်ရင် ၅ ဒသမ ၈ ရာခိုင် နှုန်းတိုးတက်ခဲ့ပြီး လေးလအတွက် တိုး တက်နှုန်းက ယခင်နှစ်ကာလတူနဲ့ နှိုင်း ယှဉ်ရင် ၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။
ယခုထုတ်ပြန်တဲ့ စာရင်းဇယား ကိန်းဂဏန်းတွေကိုကြည့်ရင် စက်မှုကုန် ထုတ်လုပ်မှုမှာ ပြန်လည်နာလန်ထူလာ တဲ့လက္ခဏာကိုတွေ့ရပြီး ယခုနှစ်စီးပွား ရေးကို စီးပွားရေးလုပ်ငန်းတွေက ပိုမို ယုံကြည်လာကြောင်း ဝန်ကြီးဌာန ကပြော ပါတယ်။ ဒါပေမဲ့ ပထမသုံးလပတ်မှာ စားသုံးမှုက ယခင်နှစ် ကာလတူနဲ့နှိုင်း ယှဉ်ရင် ၄ ရာခိုင်နှုန်းတိုးတက်ခဲ့ တဲ့အတွက် ပြည်တွင်းဈေးကွက်မှာဝယ် ယူနိုင်မှုစွမ်းအားကသိသိသာသာတိုးတက်မလာသေး တာတွေ့ရပါတယ်။ ဗီယက် နမ်ရဲ့ ကုန်သွယ်မှုလိုငွေက ဧပြီ မှာ ဒေါ်လာ ၁ ဘီလီယံရှိပြီးယခုနှစ် ပထမ လေးလမှာ ဒေါ်လာ ၇၂၂ သန်း ရှိခဲ့ပါ တယ်။ ယခင်လက ကုန်သွယ်မှုလိုငွေဖြစ် ရတာက အထူးသဖြင့် လယ်ယာစိုက် ပျိုးရေး၊သစ်တောနဲ့ပင်လယ်စာထွက်ကုန် တွေပြည်ပတင်ပို့မှုကျဆင်းမှုကြောင့် ပို့ ကုန်ကျဆင်းခဲ့လို့ ဖြစ်ကြောင်းဝန်ကြီး ဌာနကပြောပါတယ်။ ဧပြီလ ပြည်ပ ပို့ကုန် ဝင်ငွေကမတ်လနဲ့နှိုင်းယှဉ်ရင် ၁၂ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး ဒေါ်လာ ၉ ဒသမ ၇ ဘီလီယံ ထိ ရောက်ရှိခဲ့ပါတယ်။ ထို့အတူသွင်းကုန် လုပ်ငန်းက ၇ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး ဒေါ်လာ ၁၀ ဒသမ ၇ ဘီလီယံ ရှိပါတယ်။ စီးပွားရေး လုပ်ငန်း အများစုက သူတို့ထုတ်လုပ်မှုအတွက် ဧပြီမှာ ကုန်ကြမ်းတွေ ပိုမို တင်သွင်း လာတဲ့ အတွက် ကုန်သွယ်မှုလိုငွေ ပို လာခဲ့ပါတယ်။ ဒါကိုကြည့်ရင် ပြည် တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ ပြန်လည်နာလန်ထူ လာမဲ့သဘော ကို တွေ့ရပါတယ်။ ယခုနှစ် ပထမ လေးလအတွက် ပို့ကုန်ဝင်ငွေက ယခင် နှစ်ကာလနဲ့ နှိုင်းယှဉ်ရင် ၁၆ ဒသမ ၉ရာခိုင်နှုန်းတိုးတက်ပြီး ဒေါ်လာ ၃၉၄၆ ဘီလီယံရှိပြီး သွင်းကုန်က ၁၈ ရာခိုင် နှုန်း မြင့်တက်ပြီးဒေါ်လာ ၄၀ ဒသမ၁၉ ဘီလီယံနီးပါးရှိခဲ့ပါတယ်။
