Main menu

Background

တောင်သူပညာပေး သင်တန်းကျောင်း ချောင်းဦးမြို့နယ်မှာဖွင့်

Mon, 05/13/2013 - 10:50 -- ydnar

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ဘူတာ ကျေးရွာအုပ်စု ပဲပြစ်တောကျေးရွာမှ တောင်သူများရဲ့ ဆန္ဒအရ လယ်သီးနှံနဲ့ ယာသီးနံှ များစိုက်ပျိုးထုတ်လုပ်မှုနဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ် ဆေး သုံးစွဲမှုနည်းစနစ်ဆိုင် ရာ တောင်သူ ပညာပေး သင်တန်းကျောင်းကို မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း မုံရွာခရိုင် ဦးစီးမှူး ဦးထွန်းပေါမြင့် နဲ့ ချောင်းဦး မြို့နယ်ဦးစီးမှု ဒေါ်သန်းလှတို့က ကြီးကြပ်ပြီး အဆို ပါ ကျေးရွာမှာဖွင့်လှစ်ခဲ့ရာ ဒေသခံတောင်သူ ၄၅ ဦး စိတ်ပါဝင်စားစွာ တက်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ တောင်သူပညာပေး သင်တန်း ကျောင်းကို ဧပြီလ ၂၀ ရက်နေ့က စတင်ဖွင့်လှစ် ခဲ့ပြီး တစ်ပတ်ကို တစ်ရက်၊ တစ်ရက်ကို  ၂ နာရီ စာတွေ့လက်တွေ့ ပို့ချပေးလျက်ရှိရာ မေလ ၂၉  ရက်နေ့မှာ ပြီးဆုံးမှာဖြစ်တယ်လို့  သိရပါတယ်။ အဆိုပါသင်တန်းမှာ စိုက်ပျိုးရေးဦးစီးမှ ဦးထွန်းပေါ မြင့် ကိုယ်တိုင် သြဂဲနစ် စိုက်ပျိုးရေး စနစ် ဖော် ဆောင်ရာမှာလိုအပ်တဲ့ သြဂဲနစ်၊ မြေသြဇာပြုလုပ် နည်း၊ စိုက်ပျိုးနည်းများကို ပို့ချခဲ့သလို ဌာနစိတ် အလိုက် ပညာရှင်များ၊ ခရိုင်မျိုးစေ့တာဝန်ခံ၊ ခရိုင် သီးနံှ ကာကွယ်ရေး တာဝန်ခံနဲ့ ခရိုင်မြေ အသုံးချ ရေး တာဝန်ခံများမှ ဘာသာရပ်အလိုက် ရှင်းလင်း ပို့ချခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါ တောင်သူပညာပေး သင်တန်း ကျောင်း တည်ရာ ချောင်းဦးမြို့နယ် ပဲပြစ်တော ကျေးရွာမှ ယာသီးနံှ၊ နှစ်စဉ်စိုက်ပျိုးမှုအနေနဲ့ ပဲတီစိမ်း ၂၄၀ ဧက၊ ပဲစင်းငုံ ၅၉၈ ဧက၊ အခြားပဲ ၅၁၄ ဧက၊ မြေပဲ ၁၉၆ ဧက၊ နှမ်း ၉၂၇ ဧကနဲ့ ဟင်းသီးဟင်းရွက် ၂၃၃ ဧက၊ ပေါင်းဧက ၂၇၀၈ ရှိရာ ပဲမျိုးစုံသိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ ဓာတ်မြေသြဇာ စနစ်တကျအသုံးပြုနည်းစနစ်များ၊ သြဂဲနစ်စိုက်ပျိုးရေးနည်းစနစ်နဲ့ ပေါင်းနှိမ်နှင်း နည်း၊ ပေါင်းသတ်ဆေးစနစ်တကျ အသုံးပြုနည်း အပါ အဝင်တောင်သူများလက်တွေ့ရင်ဆိုင်နေရတဲ့ စိုက် ပျိုးမှု အခက်အခဲများကို အပြန်အလှန် ဆွေးနွေး ပို့ချတဲ့ နည်းနဲ့ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါ တယ်။ ဒေသခံ တောင်သူများအနေနဲ့ ယာသီးနှံ တစ်ရာသီကို တစ်သီးနှုန်းသာ စိုက်ပျိုးရုံဖြင့် စီးပွားဖူလုံမှု မရှိနိုင်တာကြောင့် ယာနဲ့တွဲဖက်ပြီး၊ ဟင်းသီးဟင်းရွက်များ၊ လဲမှို့၊ သံပုရာ၊ သစ်ဖြူ၊ လျှော်ဖြူပင်စတဲ့ ဝင်ငွေရ နှစ်ရှည်ပင်များ စိုက် ပျိုးရေး၊ တစ်နိုင်တစ်ပိုင် မွေးမြူရေးများ တွဲဖက် လုပ်ကိုင်ခြင်းနဲ့ မိသားစု ဝင်ငွေကို တိုးမြှင့်စေမှာ ဖြစ်ကြောင်း၊ ခရိုင်ဦးစီးမှုမှ စည်းရုံးရှင်းလင်းခဲ့ရာ ဒေသခံ သင်တန်းသားတောင်သူများမှ ကျေနပ် ဝမ်းမြောက်စွာဖြင့် လက်တွေ့ စိုက်ပျိုးဆောင်ရွက် လျက် ရှိတယ်လို့ လေ့လာသိရှိရပါတယ်။ထွန်းလှိုင် - မုံရွာ