Main menu

Background

ကျောက်ဆည်နယ်မှာ နွေငရုတ်ပေါ်ပြီ

Mon, 05/13/2013 - 11:01 -- ydnar

ကျောက်ဆည်နယ်မှာ ဒီနှစ် တောင်သူများအဓိကထား စိုက်ပျိုးခဲ့တဲ့ (ဒီမွန်၊ ၆၉၂) ငရုတ်သီးများ၊ ဧပြီလကုန်ပိုင်းမှာ စတင်ထွက်ပေါ်နေပြီဖြစ်ပါတယ်။ လက်ရှိအဖွင့်ဈေးမှာ ငရုတ်ခြောက်တစ်ပိဿာ ၁၈၀၀ ကျပ်ရှိပြီး၊ အညှာချွေပြီး တစ်ပိဿာ ၂၂၅၀ ကျပ်နဲ့ မန္တလေးမှ မူဆယ်ကို အစမ်းတင်ပို့နေပြီး၊ ရန်ကုန်ကိုတော့ ဈေးမကိုက်လို့ မပို့သေးဘူးလို့ ပွဲရုံပိုင်ရှင်ရပ်ကွက်မှ သိရပါတယ်။ မေလကုန်၊ ဇွန်လဆန်းပိုင်းလောက်မှာ ဈေးကွက်ကို လှိုင်လှိုင် ဝင်ရောက်နိုင်ပါတယ်။ ငရုတ်ပွဲစားများက ငရုတ်စိုက်ခင်းများနဲ့ ရွာအရောက် ကွင်းဆင်းအဝယ်လိုက်ပေမယ့် မနှစ်က အဖွင့်ဈေးဖြစ်တဲ့ တစ်ပိဿာ ၂၀၀၀ ကျပ် - ၂၁၀၀ ကျပ်ထိ မရောက်သေးဘူးလို့ ဆိုပါတယ်။ တောင်သူများ အနေနဲ့ ယခုနှစ် ငရုတ်အခြေအနေမှာ မနှစ်ကထက် အထွက်နှုန်းကောင်းနိုင်ကြောင်း၊ လှိုင်လှိုင်ထွက်ပေါ်လာချိန်မှာ မနှစ် ကဈေးအထိရောက်ဖို့ မျှော်လင့်နေကြောင်း၊ ငရုတ်စိုက် တောင်သူများထံမှ သိရပါ တယ်။    ကြည်ကြည်ဝင်း - ကျောက်ဆည်