Main menu

Background

ဖျာပုံမြို့ရဲ့အိမ်ခြံမြေဈေး တရိပ်ရိပ်ပြေးနေ

Mon, 05/13/2013 - 11:05 -- ydnar

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှာ လယ်ယာလုပ်ငန်း၊ ပင်လယ် ငါးဖမ်းလုပ်ငန်း၊ အင်းလုပ်ငန်းတို့ကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ကြတဲ့ မြို့ တစ်မြို့ဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေတွေရှိလို့ ဒီရေတောတွေ လည်း ပေါက် ရောက်လျက်ရှိပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးအနေနဲ့လည်း တိုးချဲ့ လုပ်ကိုင် လာကြတာကိုတွေ့ရ ပါတယ်။ ငှက်ပျော၊ အုန်း၊ ကွမ်းသီးနဲ့ ဓနိစတဲ့သီးနှံပင်များကို အားထားစိုက်ပျိုးလာကြသလို ကြက်၊ ဘဲ၊ ဝက်တို့ကိုလည်း တစ်ပိုင်တစ်နိုင် ပိုမို မွေးမြူလာကြပါတယ်။ တစ်နှစ်ထက်တစ်နှစ် စီးပွားရေးဖွံ့ဖြိုးလာတာနဲ့အမျှ လူနေ ပိုမို ထူထပ်လာပါတယ်။ မြို့စွန်မြို့ဖျားတွေမှာလူနေအိမ်ခြေများပြားလာပြီး၊ မြို့ရဲ့ ပထမလမ်း၊ ဒုတိယလမ်း နဲ့ အမြောင်လမ်း တစ်လျှောက်မှာလည်း လုပ်ငန်းရှင်တွေ နေရာယူလာကြပါတယ်။ ပထမလမ်းမှာဆိုရင် (စီဘီ)ဘဏ်ကြီးကိုဖွင့်လှစ် ခဲ့ပြီး၊ ဒုတိယလမ်းနဲ့ အမြောင်လမ်းမှာတော့ ဧရာဝတီဘဏ်နဲ့ ကမ္ဘောဇဘဏ်တို့ ဖွင့်လှစ် ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ စီပီကုမ္ပဏီကလည်း တိရစ္ဆာန်မွေးမြူရေးအစား အစာရောင်းချရေးကုမ္ပဏီနဲ့ စီပီကြက်ကြော်၊ ကြက်ကင် အရောင်းဆိုင်များ ဖွင့်လှစ်ခဲ့တာ နေ့စဉ် ကျပ် ၂ သိန်းမှ ၃ သိန်းကျော် အထိ ရောင်းချ ရကြောင်း သိရပါတယ်။ ဒါ့အပြင် နိုင်ငံခြားသားများ လာရောက်မှုမှာ ယခင်နှစ်ထက် ပိုမို များပြားလာ လို့ ဒုတိယလမ်းမှာ တည်းခိုခန်းအသစ် ထပ်မံတိုးဖွင့်လာပါတယ်။ ပထမလမ်း၊ ဒုတိယလမ်းနဲ့ အမြောင်လမ်းရဲ့ အိမ် ရာမြေဈေးကွက်ဟာ သိန်း ၁၀၀၀ ကျပ်မှ သိန်း ၁၅၀၀ ကျပ်အထိရှိကြောင်း၊ မြို့လယ်ခေါင်တိုက်တစ်လုံး ငှားမယ် ဆိုရင် အပေါ်ထပ် အောက်ထပ် တစ်လကို ကျပ် ၄ သိန်း - ၃ နှစ်စာချုပ် ချုပ်ဆိုပြီး ကြိုတင်ငွေချေထားရကြောင်း အိမ်ရာမြေဈေးကွက် လုပ်ကိုင်သူ တစ်ဦးထံမှသိရပါတယ်။

မြို့ဝင်မြို့ထွက်ကားလမ်းတွေမှာလည်း ဒီဇယ်၊ ဓာတ်ဆီဆိုင်ကြီးတွေဖွင့်လှစ် ထားကြသလိုအပန်းဖြေစားေ သာက်ဆိုင်တွေလည်းရှိပါတယ်။ဖျာပုံမှ  ကျိုက်လတ် အထွက်ကားလမ်း၊ ဖျာပုံမှ ဒေးဒရဲအထွက်ကားလမ်း၊ ဖျာပုံမှ ပင်လယ် အောက် ပိုင်း အမာမြို့နယ်အထိ ကားလမ်းနဲ့ ဖျာပုံမှ ဘိုကလေးမြို့ကို သွားတဲ့ကားလမ်း ဆိုပြီး၊ ဂိတ်ကြီး (၄)ပေါက်ရှိပါတယ်။ ဖျာပုံမှ ဘိုကလေး ကားလမ်းမြို့အထွက် ချောင်းကူးတံတားဟာ ယခင်က သစ်သားဘီလီ တံတားဖြစ်သော်လည်း ယခု (RC)ကွန်ကရစ်နဲ့ ၁၉၅ ပေရှည်တဲ့ တံတားတစ်ခု ဆောက်လုပ်ပြီးလု ပြီးခင် ဖြစ်နေ ပါပြီ။ ဒီတံတားဟာ ဖျာပုံမြို့နယ်ကျုံကူ ကျေးရွာပိုင်မှာရှိလို့ ကျုံကူ တံတားလို့ ခေါ်ပါတယ်။ ယခုလိုကျုံကူတံတား တည်ဆာက်လိုက်တယ် ဆိုရင်ပဲ ဖျာပုံအထွက်ကားလမ်းဘေး ဝဲယာတစ်လျှောက် မြေဈေးကွက်များဟာ သောင်း ဂဏန်းမှ သိန်းဂဏန်းအထိ ဈေးမြောက်သွားပြီး အိမ်ခြေ ၅၀ လုံးခန့် တိုးလာ တယ်လို့ ကျုံကူကျေးရွာ အုပ်ချုပ်ရေး မှူးကပြောပါတယ်။ ဒါ့အပြင် သစ်တောဦးစီး ဌာန၊ လူမှုကယ် ဆယ်ရေးနှင့်ပြန် လည် နေရာချ ထားရေးဌာနနဲ့ ရေ အရင်းအမြစ် အသုံးချရေးဦးစီးဌာနအဆောက်အဦတို့လည်း ရှိပါတယ်။ ကျုံကူတံတားမြို့ အထွက် မြေဈေးကွက် များက တစ်ပေကို ၁ သိန်းကျပ်နဲ့တောင် ရောင်းဝယ်သူ မရှိဘူး။ ၄၀ x ၆၀ ပေမြေတစ်ကွက်ကို ကျပ်သိန်း ၄၅ - ၅၀ အထိအရောင်း အဝယ်ဖြစ်နေပြီး၊ အနောက်ဖက်လမ်းသွယ် မြေကွက်များ ကတော့ ပေ ၄၀x၆၀ မြေတစ်ကွက်ကို ကျပ် ၇ သိန်း - ၈ သိန်းဈေးပေါက်ကြောင်း၊ ကျုံကူ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆက်ပြောပါတယ်။ ဖျာပုံမြို့ရဲ့အိမ်ရာမြေဈေးကွက်ဟာ ဒီ့ထက်ဈေးတက်ဖို့သာရှိကြောင်း အိမ်ရာမြေရောင်းဝယ်ရေးနဲ့ ကန်ထရိုက်ဆောက်လုပ်သူများထံမှ သိရပါတယ်။မင်းဇော်မွန် - ဖျာပုံ