Main menu

Background

တရုတ်စတိုင် အကျင့်ပျက်ခြစားမှု

Mon, 05/13/2013 - 11:17 -- ydnar

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က လျိုကျီကျွင်း ဟာ တရုတ်နိုင်ငံရဲ့ မီးရထားဝန်ကြီးဖြစ်လာပြီး တရုတ်နိုင်ငံ မှာ မြန်နှုန်းမြင့် ကျည်ဆန်ရထား ကွန်ရက်ကြီး ထူထောင်ကာ ခုန်ပျံကျော်လွှား တိုးတက်ဖို့ ကြံဆောင်ခဲ့ပါတယ်။ အဲဒီစီမံကိန်း ကြီးကြောင့်သူရဲ့ဝင်ငွေဟာလဲခုန်ပျံ ကျော်လွှားပြီး တိုးပွားခဲ့ ရပါတယ်။ ဒါပေမဲ့လွန်ခဲ့တဲ့နှစ် ဖေဖော် ဝါရီလမှတော့ သူ့ကိုလာဘ်စားမှုနဲ့ ဖမ်းဆီးပြီး တရားစွဲ ဆိုခဲ့ပါတယ်။သူရယူခဲ့တဲ့ လာဘ်ငွေပေါင်း ဟာ အမေရိကန်ဒေါ်လာသန်း ၁၂၀ ခန့်ရှိခဲ့ တယ်လို့ ဆိုပါတယ်။ သူ့ကို ဖမ်းဆီးပြီးနောက် ၅ လကြာတဲ့အခါ တရုတ်နိုင်ငံ အရှေ့ပိုင်း ဝိန်ကျိုး မြို့အနီးမှာ ကျည်ဆန်ရထားတစ်စီး အရှိန်လွန် တိမ်းမှောက်မှု ကြီး ဖြစ်ပွားခဲ့ ပါတယ်။ ခရီးသည် ၄၀ သေဆုံးခဲ့ရပြီး ၁၉၀ကျော် ထိခိုက်ဒဏ်ရာရရှိ ခဲ့တဲ့အခါ လျိုကျီကျွင်းအပေါ် အပြစ်တွေပိုပြီး ပုံကျ လာခဲ့ရပါတယ်။

လျိုကျီကျွင်းရဲ့ခြစားမှုကြီးဟာ မော်စီတုန်း ခေတ်လွန်တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲတဲ့ မသမာမှု ကြီးတွေထဲက ဥပမာတစ်ခုပဲဖြစ်ပါတယ်။ တရုတ် နိုင်ငံ ဗဟိုဘဏ်ကြီးရဲ့ အစီရင်ခံစာတစ်စောင် မှာ ၁၉၉၀ ပြည့်နှစ်ကနေ ၂၀၁၁ ခုနှစ် အထိအကျင့် ပျက်ခြစား မှုတွေကြောင့် အစိုးရအရာရှိပေါင်း ၁၆၀၀၀ ကို အရေးယူခဲ့ရပြီး သူတို့ရဲ့ ခြစား မှု တွေရဲ့ တန်ဖိုးဟာအကြမ်းအားဖြင့် အမေရိကန် ဒေါ်လာ ၁၂၅ ဘီလီယံခန့်ရှိတယ် လို့ ဖော်ပြ ထားပါတယ်။ေ လာလောဆယ်တရုတ်နိုင်ငံ အမျိုး သား စာရင်းစစ်ရုံး (NAO)  ရဲ့ အစီရင်ခံစာ အရ အစိုးရကအိမ်ရာေ ထာက်ပံ့ကြေးတွေထုတ် ပေးရာ မှာ  တရုတ်အရာရှိတွေရဲ့  လာဘ်စားမှု ဟာ အမေရိကန်ဒေါ်လာ ၄၇၁ သန်းနီး ပါးရှိခဲ့တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလဲ အဲဒီစာ ရင်းစစ်ရုံးရဲ့ ခန့်မှန်းချက်အရ ၂၀၀၅ ခုနှစ် တစ်နှစ် တည်းမှာပဲ အစိုးရရဲ့ ဝင်ငွေအမေရိကန်ဒေါ်လာ ၃၅ ဘီလီယံ လောက်ဟာအလွဲသုံးစားမှုနဲ့ မသမာ ခြစား မှုတွေကြောင့် ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထား ပါတယ်။ အမေရိကန်နိုင်ငံအခြေစိုက် ကာနေဂျီ နိုင်ငံတကာ ငြိမ်းရေးအဖွဲ့ရဲ့ လေ့လာချက်တစ်ခု အရအကျင့် ပျက်ခြစားမှုတွေကြောင့် တရုတ်နိုင်ငံ GDP ရဲ့ ၃ ရာခိုင်နှုန်းခန့် ရှိတဲ့ငွေကြေး တန်ဖိုးဟာ ဆုံးရှုံး နစ်နာနေခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီနှုန်း အရဆိုရင် ၂၀၀၃ ခုနှစ်က အကျင့်ပျက်ခြစားမှု တွေ ကြောင့်အမေရိကန်ဒေါ်လာ ၈၆ ဘီလီယံ ဆုံးရှုံးနိုင်ပြီး ၂၀၁၂ ခုနှစ်မှာဆိုရင် ဒေါ်လာဘီလီယံ ၂၀၀ ခန့် ရှိနိုင်ပါတယ်။ ပေကျင်းမြို့ရှိ  တရုတ်နိုင်ငံ အုပ်ချုပ်ရေး ပညာတက္ကသိုလ်မှ လူထုမူဝါဒ ဆိုင်ရာဘာသာ ရပ်ပါမောက္ခကျူးလီဂျာ က "မသမာတဲ့နည်းလမ်း တွေနဲ့ အကျင့်ပျက်ခြစားမှုတွေဟာ ယနေ့ဗျူရို ကရေစီအုပ်ချုပ်ရေးယန္တရားမှာ အမြစ်တွယ်နေပြီး အကြီးတန်းအရာရှိကြီးတွေ အတွက် အခွင့်အရေး တစ်ရပ်လိုဖြစ်နေပါ တယ်။ ရှေးခေတ်က တရုတ် နိုင်ငံမှာ ဧကရာဇ်ဘုရင်ကြီးတစ်ပါးရှိခဲ့ပေမဲ့ ယခု အခါ ထောင်ပေါင်းများစွာရှိပြီးနေရာတကာ မှာလဲ တွေ့နေရတယ်လို့" ထောက်ပြထားပါတယ်။ (၁၈) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်မကျင်းပမီလအနည်းငယ်တွင်းထိပ်တန်း တရုတ်ပါတီခေါင်းဆောင် နှစ်ဦးရဲ့ အကျင့်ပျက် ခြစားမှုကြီး တွေပေါ်ပေါက်လာခဲ့ပါတယ်။ ပထမ တစ်မှုကတော့ အလုပ်အမှုဆောင် ကော်မတီဝင် ပိုရှီလိုင် (Boxilai) နဲ့ ဇနီးဖြစ်သူ ပိုကုခိုင်လိုင်တို့ရဲ့ မသမာမှုတွေပဲ ဖြစ်ပါ တယ်။ ပိုရှီလိုင်တာဝန်ထမ်း ဆောင်ခဲ့တဲ့ ချုံချိန်မြို့တော်ဟာ တရုတ်နိုင်ငံမှာ ခေတ်မီတိုးတက်တဲ့ မြို့တော်တစ်ခုဖြစ်  ပါတယ်။ ပိုရှီလိုင်ရဲ့ တရားဝင်ရရှိတဲ့ လခဟာ အမေရိကန် ဒေါ်လာ ၁၆၀၀ သာရှိပေမဲ့ သူရဲ့သားနဲ့ဇနီးတို့ ဟာ ပေကျင်းမြို့တော်ကြီးမှာ ဇိမ်ခံကားတွေကို ထည်လဲစီးပြီးသွားလာလှုပ်ရှားခဲ့ပါတယ်။ ပိုရှီလိုင်ရဲ့ ဇနီးကုခိုင်လိုင်ဟာအလွဲသုံး စားမှုတွေကျူးလွန်ခဲ့တဲ့ အပြင် ဗြိတိသျှလူမျိုး စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကို ဝိုင်အရက်တွင်းအဆိပ်ခတ်သတ်ဖြတ် မှုအတွက်အဓိကတာဝန်ရှိသူဖြစ်ခဲ့ပါတယ်။ ချုံချိန် မြို့တော်ရဲ့  ရဲတပ်ဖွဲ့အကြီး အကဲဝမ်လီကျွင်းဟာ ပိုရှီလိုင်နဲ့ဇနီးကုခိုင်လိုင်တို့ရဲ့ ရန်ကကြောက်ရွံ့ လာပြီး ချန်ဒူမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး ကို ခိုလှုံခဲ့ရာကနေ အဲဒီမသမာမှုကြီး တွေဟာဖုံးဖိလို့ မရတော့ဘဲပေါ်ပေါက်  လာခဲ့ရပါတယ်။ ပိုရှီလိုင် ရဲ့ တရားမဲ့ ပြုကျင့်မှုတွေ၊ အလွန်အကျွံလုပ်ဆောင် မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေကို လူအများသိရှိ လာခဲ့ကြပါတယ်။ မကြာသေးမီကပဲ ပိုရှီလိုင်ရဲ့ဇနီး ကိုလူသတ်မှုနဲ့ပြည်သူ့တရားရုံး ကစစ်ဆေးပြီး ပြစ်မှု ထင်ရှားတဲ့အတွက်  သေဒဏ် ချမှတ်ခဲ့ပါတယ်။ ပိုရှီလိုင် ကိုလဲလာဘ်ငွေ အမြောက်အမြား ယူခဲ့မှု စွပ်စွဲချက်နဲ့ပါတီက ထုတ်ပယ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်အောက်တိုဘာလ ၂၅ ရက်နေ့ ထုတ် New York Times သတင်းစာကြီး မှာ ယခင်တရုတ်ဝန်ကြီး ချုပ်ဟောင်းဝမ်ကြားပေါင်ရဲ့ မိသားစု လျှို့ဝှက်ပိုင်ဆိုင်ထားတဲ့ ဓနဥစ္စာအရပ် ရပ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ အနည်းဆုံးရှိတယ်လို့ ဖော်ထုတ်ခဲ့ပါ တယ်။ ဝမ်မိသားစုဟာ စိန်ရောင်းဝယ်ရေးလုပ်ငန်း နဲ့ အာမခံ လုပ်ငန်းတွေကရရှိလာတဲ့ ဝင်ငွေတွေနဲ့ ယခုလိုချမ်းသာကြွယ်ဝလာတယ်လို့ ထောက်ပြ ထားပါတယ်။ ဝမ်ကြားပေါင်ရဲ့ဇနီး ဇန်ပိုင်လီဟာ ဝမ်ကဲ့သို့ဘူမိဗေဒပညာရှင်တစ်ဦးဖြစ်ပြီးစိန်ရောင်း ဝယ်ရေးလုပ်ငန်းကို ပိုင်ဆိုင်ထားပါတယ်။ဒါ့အပြင် ဝမ်နဲ့သားနှစ်ဦးဟာလဲ စီးပွားရေးလုပ်ငန်း တွေ ကိုယ်စီကိုယ်ငှ ရှိကြတယ် လို့ဆိုပါတယ်။ လက်ရှိတရုတ်နိုင်ငံ ခေါင်းဆောင် သစ်ရှီ ကျင်ပင်းက ပေါ်လစ်ဗျူရိုအဖွဲ့ကို ပထမဆုံး မိန့်ခွန်း ပြောကြားရာမှာ "မကြာမီနှစ်တွေအတွင်း ကတချို့နိုင်ငံတွေမှာ မျိုသိပ်ထားခဲ့ကြတဲ့ ပြဿနာ တွေ ပွင့်ထွက်လာရာမှ လူထုအုံကြွမှု တွေဖြစ်ပေါ် ကာ လူမှုရေးပဋိပက္ခတွေ ကတစ်ဆင့်အစိုးရတွေ ပြုတ်ကျခဲ့ရပါတယ်။ ဒီလိုပြုတ်ကျရတဲ့ အဓိကအ ကြောင်းအရင်းဟာ အဲဒီနိုင်ငံတွေမှာ လာဘ်ပေး လာဘ်ယူမှုနဲ့အဂတိ လိုက်စားမှုတွေ ထူပြောခဲ့ လို့ ဖြစ်ပါ တယ်။ တရုတ်နိုင်ငံမှာလဲ အဂတိလိုက် စားမှုဆိုးဆိုးရွားရွားကြီးထွားလာရင် ပါတီနဲ့နိုင်ငံပါ ကျဆုံးဖို့ ဖြစ်လာနိုင်တာကို တွေ့ရှိရတဲ့အချက် အလက်တွေက  ဖော်ပြနေပါတယ်။ သတိထား ပြီး စောင့်ကြည့်နေကြဖို့ လိုပါတယ်။  လွန်ခဲ့တဲ့နှစ် ကာလအနည်းငယ်အတွင်းမှာ စည်းကမ်းနဲ့ဥပဒေ ဖောက် ဖျက်မှုတွေ ဆိုးဆိုးရွားရွားရှိခဲ့ပြီး အန္တရာယ် ကြီးမားကာ နိုင်ငံရေးအရလဲ စည်းရုံးရေးပျက်ပြား စေခဲ့ ပြီး ပြည်သူလူထုကိုလဲ အထူးတုန်လှုပ်စေခဲ့ တယ်" လို့ပြောကြားခဲ့ကြောင်း ပါခင်ဗျား။       ။Ref: Newsweek/ bjreview.com