Main menu

Background

ဥရောပသမဂ္ဂသို့ဗီယက်နမ်မှ သစ်သီးဝလံများပြန်လည်တင်ပို့ခွင့်ရပြီ

Mon, 05/13/2013 - 11:42 -- ydnar

ဗီယက်နမ်နိုင်ငံအနေနဲ့ ဥရောပသမဂ္ဂသို့ ဇွန်လ ၃၀ ရက်ခန့်မှာ သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်အစိုများ တင်ပို့ခွင့်ပြန်လည်ရရှိတော့ မယ်လို့ သိရပါတယ်။  ဥရောပသမဂ္ဂသို့ ဗီယက်နမ်မှသစ်သီးဝလံတင်ပို့ခွင့် ကို ခေတ္တရပ် ဆိုင်းထားသည်မှာ တစ်နှစ်နီးပါးရှိ နေပြီဖြစ်ပါတယ်။ စိုက်ပျိုးရေး နဲ့ နယ်စပ်ဒေသဝန်ကြီး ဌာနလက်အောက်ရှိ အပင်ပိုးမွှားကာကွယ်ရေးဌာနဇုန် ၂ မှ ဌာနမှူးဖြစ်သူ Nguyen Van Nga  ကဗီယက်နမ်သစ်သီးဝလံနဲ့ ဟင်းသီး ဟင်းရွက်အသင်းမှကြီးမှူးပြီး ဟိုချီမင်းမြို့ မှာ မေလ ၇ ရက်နေ့ကကျင်းပတဲ့ကွန်ဂရက်မှာ ထုတ်ဖော်ပြောကြား ခဲ့တာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်အစောပိုင်းက ဗီယက်နမ်မှဥရောပသမဂ္ဂသို့ တင်ပို့ခဲ့သောဟင်းသီးဟင်းရွက် ငါးမျိုးဖြစ်တဲ့ ပင်စိမ်း၊ ငရုတ်ပွသီး၊ တရုတ်နံနံ၊ နံနံပင်၊ ကြက်ဟင်းခါးသီးတို့ကိုတင်ပို့ရာမှာ ဥရောပသမဂ္ဂမှကျန်းမာရေး နဲ့ ဘေးကင်းလုံခြုံမှု အတွက် သတ်မှတ်ထားချက်များနဲ့ကိုက်ညီမှုမရှိသဖြင့် တင်ပို့ခွင့် ရပ်နားထားခဲ့ရတာဖြစ်ပါတယ်။ သတ်မှတ်ချက်နဲ့မ ကိုက်ညီမှုများ ထပ်မံစစ်ဆေးတွေ့ရှိပါက ဗီယက်နမ်သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တင်ပို့မှု အား ကန့်သတ်ထား မယ်လို့  ဥရောပသမဂ္ဂအာဏာပိုင်အဖွဲ့က သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ် ပို့ကုန်တင်ပို့သူများအနေ နဲ့ ကောင်းမွန် သောစိုက်ပျိုးရေးအလေ့အကျင့် GAP စံသတ်မှတ်ချက်များနဲ့အညီ ထုတ်လုပ်ရောင်းချခြင်းဖြင့် ဥရောပသမဂ္ဂရဲ့ကန့်သတ်ချက်ကိုကျော်လွှားနိုင်ရန် ကြိုးပမ်း လုပ်ဆောင်ခဲ့ကြရာ ယခုအခါဥရောပသမဂ္ဂ သို့ ပြန်လည်တင်ပို့ခွင့်တရားဝင်ရရှိသွားတာဖြစ်ပါတယ်။ အကောက်ခွန်ဌာနရဲ့ စာရင်း ဇယားများအရ ဧပြီလလယ် တွင် ပြည်ပသို့သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်တင်ပို့မှုမှကန်ဒေါ်လာ ၂၂၄ သန်းရရှိခဲ့ပြီး ၂၀၁၃ခုနှစ် တစ်နှစ်လုံးအနေနဲ့ကန်ဒေါ်လာ တစ်ဘီလီယံ ထိရရှိနိုင်မယ်လို့ မျှော်မှန်းထားကြတယ် လို့ သိရပါတယ်။Source: VNA CMK