Main menu

Background

ချင်းရွှေဟော်ကပို့တဲ့ဝဥခြောက်

Mon, 05/13/2013 - 12:59 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကူးသန်းရောင်းဝယ်ရေးစခန်းမှ မေလ ၁ ရက်မှ ၇ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၂၁၃ သန်းတန်ဖိုးရှိ ဝဥခြောက် ၁၁၅ တန်တင်ပို့ခဲ့ပါတယ်။ အလားတူ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၁၂၁ သန်းဖိုးရှိတဲ့ ဝဥခြောက် ၆၅ တန်ကျော် ကိုတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ ယခင်အပတ်ကမူဆယ်မှသာ တန် ၂၀ ကျော်တင်ပို့နိုင်တာမို့ ယခုအပတ် ဝဥခြောကိုပိုမိုတင်ပို့လာပါတယ်။ "ဝဥ" ကို တရုတ်နိုင်ငံမှာ မုန့်၊ ခေါက်ဆွဲ၊ အသားတုလုပ်ရာမှာ အသုံးပြုကြသလို တိုင်းရင်းဆေးဝါးကုန်ကြမ်းအနေနဲ့လည်းသုံးကြတယ်လို့သိရပါတယ်။           မော်မော်အောင် MIRT (DCCA)