Main menu

Background

ဘင်္ဂလားဒေ့ရှ်မှ ငါးမြစ်ချင်းအဝယ်လိုက်

Mon, 05/13/2013 - 13:00 -- ydnar

ယခုရက်ပိုင်းဘင်္ဂလားဒေ့ရှ်မှ ငါးမြစ်ချင်း (ရေချိုငါး) များကို အဝယ်လိုက်လျက်ရှိပြီး၊ တစ်ပတ်အတွင်းကီလို ၂၃၇၅၀၀ ကျော်လောက် တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့အရွယ်အစားအများစုကတော့ ၁-၂ ကီလိုကြား၊ ၂-၃ ကီလိုကြား၊၃-၅ ကီလိုကြားတို့ဖြစ်ပါတယ်။ တစ်ဖက် နိုင်ငံမှာရတဲ့ဈေးကတော့ကောင်းဆိုလျှင်တစ်ကီလို ၁၇၀ တာကာ၊ သင့်ဆိုလျှင်တစ်ကီလိုကို ၁၅၀ တာကာနဲ့ အညံ့ဆိုလျှင် တစ်ကီလို ကို ၁၂၀ တာကာရကြောင်းသိရပါတယ်။ ရန်ကုန်မှခရီးရှည်ရေလမ်းခရီးဖြင့်သယ်ယူတင်ပို့နေရတာကြောင့် အရည်အသွေးမှာ "သင့်''အရည် အသွေးဖြင့်သာ အများဆုံး တင်ပို့ရတဲ့အနေထားမျိုးဖြစ်ပါတယ်။ အိန္ဒိယဘက်မှငါးမြစ်ချင်းများ ဘင်္ဂလားဒေ့ရှ်သို့ အဝင်ရှိနေသော် လည်း မြန်မာ့ရေချိုငါးဟာ အိန္ဒိယငါးထက်အရသာပိုမိုကောင်းမွန်တာကြောင့် မြန်မာ့ရေချိုငါးကို အဝယ်လိုက်နေခြင်းြ ဖစ်ပါတယ်။ ရှေ့ဆက်၍လည်း ပိုမိုတင်ပို့နိုင်မယ်လို့ မျှော်မှန်းလျက်ရှိပါတယ်။  SWM (စစ်တွေ)