Main menu

Background

အောင်လံဈေးကွက်မှာ ပဲစင်းငုံနီ၊ ကုလားပဲ(ထိုင်ဝမ်)နဲ့ သိပ္ပံနှမ်းအရောင်း အဝယ်ပုံမှန်ဖြစ်

Mon, 05/13/2013 - 13:32 -- ydnar

အောင်လံဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က အိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအားပါးနေတဲ့အပေါ် မူတည်ပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်ပိဿာ ၁၀၁၅ ကျပ်(တစ်တန်ကို ၆၂၁၅၇၅ ကျပ်) ဈေးနဲ့ နေ့စဉ် အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလား ပဲ(ထိုင်ဝမ်)ကို မြို့ခံပဲခွဲစက်တွေနဲ့ အမှုန့်ကြိတ်စက်များကဝယ်လိုအား ပုံမှန်ရှိပေမယ့် ဈေးကတက်မလာဘဲ ယခင်အပတ်ဈေးနဲ့ဘဲ တစ်ရက် ကိုအိတ် ၃၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒေ သထွက်သိပ္ပံနှမ်းကိုတော့ ရန်ကုန်ဝယ်လက် ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းလက်တွေထံမှာ ပစ္စည်းလက်ကျန်နည်းသွားပြီလို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၃၀၀၀ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၆၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။