Main menu

Background

မန္တလေးဈေးကွက်မှာ ပဲတီစိမ်းဈေးအနည်းငယ်မြင့်လာပြီး ကျန်ပဲမျိုးစုံအောက် ဈေးနဲ့ အရောင်းအဝယ်ဖြစ်

Mon, 05/13/2013 - 13:33 -- ydnar

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကြီးကို တရုတ်ဝယ် လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဝဿာကို ၁၃၈၇ ကျပ် (တစ်တန်ကို ၈၄၉၃၈၄ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ မှ ၇၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မတ်ပဲကို မြို့ခံပဲခွဲ စက်တွေနဲ့ ရန်ကုန်ဝယ်လက်တို့က ဝယ်အားပုံမှန်ထက်စာရင် နည်း သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာရှိနေ ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၁၇ ကျပ်(တစ်တန်ကို ၅၀၀၃၂၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၆၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိ သလို ဝယ်အားပါနည်းသွားတာကြောင့် ဈေးကျလာပြီး တစ်ပိဿာ ကို ၁၀၀၈ ကျပ်(တစ်တန်ကို ၆၁၇၂၈၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၇၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲ ဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ပြည်ပအဆွဲသိပ်မသွက်သေးဘဲ ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေသာ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၉၆၉ ကျပ်(တစ်တန်ကို ၅၉၃၄၀၅ ကျပ်)ကုလားပဲ(ထိုင်ဝမ်)တစ်ပိဿာ ကို ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။