Main menu

Background

ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီဈေးကျပြီး ကုလားပဲဖြူလုံးကြီး ဈေးတန့်

Mon, 05/13/2013 - 13:33 -- ydnar

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်အဝယ် အေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိ ဿာကို ၁၀၁၀ ကျပ်(တစ်တန်ကို ၆၁၈၅၁၃ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၂၀၀ မှ ၃၀၀ ကြားသာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးကို မြို့ခံပဲခွဲစက်တွေသာ ဝယ်အား ပုံမှန်ရှိပေမယ့် ဈေးတန့်နေကြောင်း သိရပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာ ၉၇၃ ကျပ်(တစ်တန်ကို ၅၉၅၈၅၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။