ဟင်္သာတဈေးကွက်မှာ မတ်ပဲနဲ့ ပြောင်း အရောင်းအဝယ်ပုံမှန်ရှိပြီး ပဲပုပ်နဲ့ ပဲလွန်းဖြူအရောင်းအဝယ်အေး

ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို ရန်ကုန်ဝယ်လက် ကအိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေအပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအ နည်းငယ်ကျလာပြီး တစ်ပိဿာကို ၈၅၇ ကျပ်(တစ်တန်ကို ၅၂၄၈၁၈ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း  မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ဒေသထွက်ပြောင်းကို လည်း ရန်ကုန်ဝယ်လက်ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည် များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၈၅ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၁၅၀၀ မှ ၂၀၀၀ ကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲလွန်းဖြူနဲ့ ပဲပုပ်က ရောင်းလက်တွေထံမှာ ပစ္စည်းလက်ကျန်လျော့နည်းလာသ လို ရန်ကုန်ဝယ်လက်တွေကလည်း ဝယ်အားပုံမှန်မရှိတာကြောင့် အရောင်းအဝယ်က တစ်ပတ်လုံးမှ ၁ ရက်သာအရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ ပဲလွန်း ဖြူတစ်ပိဿာ ၇၀၀ ကျပ်၊ ပဲပုပ်တစ်ပိဿာ ၁၀၀၀ ကျပ်ဈေးနဲ့ နှစ် မျိုးပေါင်း အိတ် ၃၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။