Main menu

Background

ဧပြီလ နှမ်းတင်ပို့မှုပို

Mon, 05/13/2013 - 13:38 -- ydnar

၂၀၁၃ ဧပြီလ ပထမသီတင်းပတ်မှာ ၆၄၁ ဒသမ ၉၅ တန်၊ ဧပြီလ ၇ ရက်မှ ၁၃ ရက်အတွင်း ၃၂၉ ဒသမ ၇၇ တန်၊ ဧပြီလ ၂၁ ရက်မှ ၂၇ ရက်အတွင်း ၅၂၉ ဒသမ ၉၉ တန်နဲ့ နောက်ဆုံးသီတင်းပတ်မှာ ၂၈၉ ဒသမ ၉၈ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ နှမ်းတင်ပို့မှုက ဧပြီလ ပထမပတ်အတွင်းမှာ အများဆုံးတင်ပို့ခဲ့တာ တွေ့ရပါတယ်။ လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် ဧပြီလအတွင်း နှမ်းတင်ပို့မှု တန်ချိန် စုစုပေါင်းမှာ ၁၆၁၃ ဒသမ ၇၀ တန်ရှိခဲ့ပြီး မတ်လ နှမ်းတင်ပို့မှုမှာ တန်ချိန် ၁၃၈၉ ဒသမ ၀၇ တန်ရှိခဲ့တာကြောင့် ဧပြီလမှာ တန်ချိန် နှစ်ရာကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလအတွင်း နှမ်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက စုစုပေါင်း ကန်ဒေါ်လာ သုံးဆယ်တစ်သိန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း နှမ်းတင်ပို့တန်ချိန် စုစုပေါင်းမှာ တန်ချိန် ၁၀၈၅၁ ဒသမ ၅၄၃ တန်ရှိခဲ့ပြီး ရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ နှစ်ရာခြောက်သိန်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။MIRT - DOTP