Main menu

Background

နှမ်းဈေးကောင်းလို့ မိုးကြိုကာလ နှမ်းနက် စိုက်ပျိုးသူများလာ

Mon, 05/13/2013 - 13:38 -- ydnar

မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံ ဈေးကွက်မှာ ပြီးခဲ့တဲ့ ဆောင်းနှမ်းပေါ်စ ဇန်နဝါရီလကတည်း က ဈေးမာနေ တဲ့ နှမ်းမျိုးစုံဟာ မေလဆန်းဈေးကွက်ထိ ဆက်လက်ခိုင်မာမြင့်မားလျက်ရှိပါတယ်။ မေလ ပထမပတ်မှာ နှမ်းညို တစ်တင်း ၃၅၅၀၀ ကျပ်၊ နှမ်းနီတစ်တင်း ၃၇၀၀၀ ကျပ်နဲ့ နှမ်းဖြူ တစ်တင်း ၄၀၅၀၀ ကျပ် ထိ စံချိန်တင် အမြင့်ဆုံး ပေါက်ခဲ့ပါ တယ်။ တောင်သူပွဲစားနဲ့ ကုန်သည် လက်ဝယ်မှာနှမ်းလက်ကျန်မရှိသလောက် လျော့နည်းနေလို့ ဝယ်လိုအားရှိ သလောက် မရောင်းနိုင်သလို ဒေသခံ ဆီစက်သမားတွေလည်း ကုန်ကြမ်း အတွက် အဝယ်ခက်နေတယ်လို့ ဆိုပါ တယ်။ နှမ်းဖြူဈေးလည်း တစ်ပိဿာ ၄၄၀၀ ကျပ်နဲ့ အမြင့်ဈေးမှာ တန့်နေပြီး၊ ပဲဆီဈေးက တစ်ပိဿာ ၃၄၅၀ ကျပ်၊ စားအုန်းဆီ တစ်ပိဿာ ၁၅၄၀ ကျပ်မှာ ငြိမ်နေပါတယ်။မုံရွာခရိုင်အနီး တစ်ဝိုက် မှာ မေလဆန်းပိုင်းက မိုးသက်လေပြင်း ကျရောက်ခဲ့ပေမယ့် လိုအပ်သလောက် မိုးရေမရလို့ ကျည်းတော ရွာတွေမှာ နှမ်း မစိုက်နိုင်သေးဘူးလို့ တောင်သူ ရပ် ကွက်က ဆိုပါတယ်။ ရေဝင်ပိုင်းဖြစ် တဲ့ အောက်တော ဒေသေ တွမှာတော့ ယခုအခါ မိုးကြိုနှမ်းတွေစိုက်ပြီး သွား ပြီလို့ သိရပါတယ်။ မြေအောက်ရေနဲ့ ကိုယ်ပိုင်တွင်းရှိတဲ့ ကျည်းတောတွေ မှာတော့ မိုးနှမ်းအချို့ စိုက်နိုင်ခဲ့ကြပြီး၊ နှမ်းနက်မျိုးစေ့တစ်တင်း ဟာ ၄၈၀၀၀ ကျပ်ထိ ရှိခဲ့တယ်လို့ နှမ်းတောင်သူ တွေ ထံမှ ကြားသိရပါတယ်။ နွေနှမ်းအနေနဲ့ မစိုက်ပျိုးမီရေ တစ်ကြိမ်သွင်းဖို့နဲ့ စိုက် ပြီးတစ်လခန့်အကြာမှာ ရေတစ်ကြိမ် သွင်းရုံနဲ့ သီးနှံအောင်မြင်နိုင်မှာဖြစ်သလို ယခုတောင်သူ အများစု စိုက်ပျိုးကြတဲ့ နှမ်းနက်ဟာ ဆင်းရတနာ - ၃ မျိုး ဖြစ်ပြီး၊ တစ်ပြည်နှစ်ပြည်ကြဲဆိုရင် ရေ သွင်းမှန်ပါက ၁၈ တင်းခန့်ထွက်လို့ စမ်း သပ်စိုက်ပျိုးသူ များပြားကြောင်း စိုက် ပျိုးရေးလောက က ကြားသိရပါတယ်။ထွန်းလှိုင် - မုံရွာ