ဖိလစ်ပိုင်သို့ ဗီယက်နမ်မှ ဆန်တန်ချိန် ၁ ဒသမ ၈ သိန်းကျော် တင်ပို့သွားမည်
ဗီယက်နမ်နိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၁၈၇၀၀၀ တင်ပို့ရန် အတွက် လေလံအောင်မြင် သွားတယ်လို့ ဖိလစ်ပိုင်ကိုရောက်ရှိနေတဲ့ ဗီယက်နမ် ကုန် သွယ်ရေးကိုယ်စားလှယ် အဖွဲ့ရဲ့ ပြောကြားချက်အရ သိရှိရပါ တယ်။ ဆန် တစ်တန်လျှင် ၄၅၉ ဒသမ ၇၅ ဒေါ်လာနှုန်းနဲ့ လေလံအောင် ခဲ့တာ ဖြစ်ပါတယ်။ တင်ဒါအောင်သော ဆန် များမှာ ဆန်ကွဲ ၁၀ မှတ်နဲ့ ၂၅ မှတ် ဆန်လုံးရှည် (Long grain) များ ဖြစ်ကြပြီး မကြာမီရက်သတ္တပတ်များမှာ တင်ပို့ သွားမှာဖြစ်ပါတယ်။ မေလနဲ့ဇွန်လအတွင်းမှာ ဆန်တန်ချိန် ၁ ဒသမ ၅ သန်းတင်ပို့မယ်လို့ ဗီယက်နမ် စားသောက်ကုန် အသင်းဥက္ကဌကပြောကြားပါတယ်။ ပထမ လေးလပတ် မှာ ဗီယက်နမ်နိုင်ငံဟာဆန်တန်ချိန် ၂ ဒသမ ၁ သန်းကျော်ပြည်ပ သို့တင်ပို့ထားပြီး ယမန်နှစ်ကာလတူထက် ၂၃ ရာခိုင်နှုန်း ကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကုန်အမှာ လျော့နည်း နေတဲ့အတွက် ဆန်ဈေးဟာ တစ်တန် ကို ဒေါ်လာ ၃၀ နီးပါးကျဆင်းနေပါတယ်။ ဆန်ဈေးကျဆင်းနေမှုများကြောင့် ချုပ်ဆိုပြီး စာချုပ်များရဲ့ တစ်စိတ်တစ်ပိုင်းကို ဖျက်သိမ်းထားရ တယ်လို့ သိရပါတယ်။CMK
