ထိုင်းဘတ်ငွေတန်ဖိုးမြင့်မားနေခြင်းက ဆန်တင်ပို့မှု ကျဆင်းနေမှုအပေါ် ထပ်မံဖိအားဖြစ်စေ

ယခုနှစ်အတွင်း ထိုင်းဘတ်ငွေတန်ဖိုးက ကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ မှတ်တမ်းတင်ဖွယ် မြင့်မားခဲ့တဲ့ ကြောင့် ပို့ကုန် ပစ္စည်းတွေရဲ့ တန်ဖိုးများမြင့်မားခဲ့ရတယ်။ အထူးသဖြင့် ထိုင်း ဆန်တင်ပို့မှု ဈေးနှုန်းများကိုပါ ရှိရင်းစွဲထက် ပိုမိုမြင့်မားစေခဲ့တဲ့ အတွက် ပြည်ပသို့ တင်ပို့နှုန်း လျော့ကျခဲ့ရတယ်။ ဒါ့ကြောင့် ထိုင်းနိုင်ငံအစိုးရအနေနဲ့ သိုလှောင်ထားတဲ့ ဆန်များရဲ့ ရောင်း ချမှုနှုန်းထားကိုလျှော့ချပေးဖွယ်ရှိတယ်လို့စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနက ခန့်မှန်းထားတယ်။ ဒါ့အပြင် ဝန်ကြီးဌာနက ထိုင်းဘတ်ငွေထပ်မံတန်ဖိုးမြင့်မားမှုမရှိစေဖို့ ကုစားတဲ့ အစီအစဉ်များ ချမှတ်သွားဖို့ ဗဟိုဘဏ်ကို တောင်း ဆိုထားတယ်လို့ သိရတယ်။

ထိုင်းဘတ်ငွေက တစ်ဒေါ်လာကို ၂၉ ဘတ်အောက်ထိ ရောက်ရှိတန်ဖိုးမြင့်မားခဲ့ရာ ၁၉၉၇ - ၉၈ ခုနှစ် အရှေ့တောင် အာရှ ဘဏ္ဍာရေးအကျပ်အတည်း နောက်ပိုင်း ပထမဆုံး အကြိမ် တန်ဖိုးမြင့်လာခြင်းဖြစ်တယ်လို့ သိရတယ်။ ယခုနှစ်အတွင်း  G to G  စနစ် (အစိုးရအချင်းချင်း ညှိ နှိုင်းမှု အစီအစဉ်)နဲ့ ဆန်တန်ချိန် ၇ သန်းအထိ ရောင်းချဖို့ စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ ရည်မှန်းထားခဲ့သော်လည်း ဆန်ရောင်းချမှုနှုန်း အလွန်အမင်းနှေးကွေး ခဲ့တယ်။ ၂၀၁၃ ခုနှစ်ပထမ ၃ လပတ်အတွင်းဆန်တန်ချိန် ၁ ဒသမ ၅ သန်း မျှသာ ရောင်းချခဲ့ရရာ ယခင်နှစ် အလားတူကာလက နှုန်း ထက် ၇ ရာခိုင်နှုန်းကျဆင်းတယ်လိ့ု  USDA (အမေရိကန် လယ်ယာစိုက်ပျိုးရေးဌာန) က ခန့်မှန်းထားတယ်။ပပ