(၆) ကြိမ်မြောက် ထိုင်းဆန်ညီလာခံ၂၀၁၃ (6th Thailand Rice Convention 2013) ကျင်းပမည်

ထိုင်းစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်၍(၆) ကြိမ်မြောက် ထိုင်းဆန်ညီလာခံ ၂၀၁၃ (the 6th Thailand Rice Convention 2013-TRC 2013) ကို  ၂၀၁၃ ခုနှစ် မေလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ချင်းမိုင်မြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ၎င်း ညီလာခံသို့နိုင်ငံပေါင်း၄၀ မှ ဆန်တင်သွင်းသူတွေ၊ ကျွမ်းကျင်သူတွေ နဲ့ ပြည်ပနိုင်ငံများမှ ကိုယ်စားလှယ်ပေါင်း ၅၀၀ ကျော်တက်ရောက်ကြဖွယ်ရှိ ကြောင်း၊ အဆိုပါ ကုန်စည်ပြပွဲ အဆင်ပြေရေးအတွက် ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြား ကုန်သွယ်မှုဌာန မှ ဆောင်ရွက်လျက်ရှိကြောင်း ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ Boonsong Teriyapirom မှပြောကြားခဲ့ပါတယ်။ ၎င်း ညီလာခံ မှ ဆန်တင်ပို့မှုကဏ္ဍမှာ ခေါင်းဆောင်မှုကို ထိုင်း နိုင်ငံက ပေးနိုင် လိမ့်မှာဖြစ်ကြောင်းနဲ့ ကမ္ဘာ့ဆန်လုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုအကြောင်းသတင်းအချက်အလက် နည်းပညာများ နဲ့အကြံကောင်းဉာဏ်ကောင်းများကိုဖလှယ်နိုင်မှာဖြစ်ကြောင်း၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များနဲ့ တင်ပို့သူများ တွေ့ ဆုံပြီး ကုန်သွယ်မှုဆွေးနွေးမှုများပြုလုပ် နိုင်မှာဖြစ်ကြောင်း ဝန်ကြီးမှ ဆက်လက်ပြောကြား ပါတယ်။(၆)ကြိမ်မြောက် ထိုင်း ဆန်ညီလာခံ ၂၀၁၃ ကို နိုင်ငံတကာ ညီလာခံနဲ့ ကုန်စည်ပြပွဲ စင်တာ ချင်းမိုင်မြို့ရှိ International Convention and Exhibition Center  မှာ ကျင်းပမှာဖြစ်ကြောင်း သိရှိရပါ တယ်။ နှင်းပန်းဖြူ