၂၀၁၃ ပထမ (၄) လ မတိုင်မီ ကာလအတွင်း ဆန်တန်ချိန် စုစုပေါင်း ၄ ဒသမ ၂၃၁ သန်း တင်ပို့ရန် ဗီယက်နမ် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်

ဗီယက်နမ်ပြည်တွင်း ဆန်သိုလှောင်ထားမှု ပမာဏက ဒုတိယသုံးလပတ်ကုန်ပိုင်းမှာတန်ချိန်၂သန်း ဝန်းကျင်ရှိနေနိုင်တဲ့ အပြင်မကြာမီကာလမှာလည်းဆန်စပါးသစ်များရိတ်သိမ်းဦးမှာ ဖြစ်ပြီးပြည်တွင်း ဆန်ဈေးနှုန်းများ ကျဆင်းလျက်ရှိတယ်လို့သိရတယ်။ ၂၀၁၃ ခုနှစ် ပထမ ၄ လအတွင်းဆန်တန်ချိန် စုစုပေါင်း ၂ ဒသမ ၁၅ သန်းတင်ပို့ခဲ့ရပြီးဝင်ငွေကန်ဒေါ်လာ ၉၄၂ သန်း ရရှိခဲ့ရာ ယခင်နှစ်အလားတူကာလကထက်၂၃ဒသမ ၅ ရာခိုင် နှုန်းပိုမိုခဲ့တယ်လို့သိရတယ်။ တင်ပို့မှုတိုးတက် ခဲ့ခြင်းမှာ ဗီယက် နမ်က ပြည်ပတင်ပို့တဲ့ FOB နှုန်းထားများကို အခြားနိုင်ငံများ နှုန်းထား ထက် လျှော့ချခဲ့တဲ့ အတွက် ပြည်တွင်းဝယ်လိုအားကို ဆွဲဆောင်နိုင်ခဲ့ခြင်းဖြစ်တယ်။ ၎င်းကာလအတွင်းပျမ်းမျှ FOB တစ်တန် နှုန်းထားက ယခင်နှစ်အလားတူကာလ တန်ဖိုးထက် တစ်တန်ကို၂၈ ဒေါ်လာလျော့နည်းခဲ့တယ်။၂၀၁၃ ခုနှစ် ဧပြီ လကုန်ပိုင်းအထိ ကာလအတွင်း ဗီယက်နမ် ဆန်ကုမ္ပဏီများ က ပြည်ပကို ဆန်တန်ချိန် စုစုပေါင်း (၄ ဒသမ ၂၃၁) သန်း တင်ပို့ဖို့ စာချုပ်ချုပ်ဆိုခဲ့ကြရာတန်ချိန် (၂ ဒသမ ၁၅၁) သန်း ကို တင်ပို့ခဲ့ပြီးဖြစ်ရာ လက်ကျန်ဆန်တန်ချိန် (၂ ဒသမ ၀၈) သန်းကိုမေလမှစပြီးတင်ပို့မှာဖြစ်ကြောင်းသိရတယ်စာချုပ်ချုပ် ဆိုဝယ်ယူခဲ့တဲ့၎င်းင်းနိုင်ငံများမှာ တရုတ်၊ ဖိလစ်ပိုင်နဲ့အာဖရိက နိုင်ငံများဖြစ်တယ်။                          ပပ