ရာသီဥတုကို အမှီပြု၍ ဈေးအနည်းငယ်မြင့်လာသည့် ဆန်ဈေးကွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ရဲ့ ၂၀၁၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့ ဆန်ဈေးကွက်မှာ ဧည့်မထဆန် လတ်စ တစ်အိတ် ၁၇၆၀၀ ကျပ်၊ ပေါ်ဆန်းဆန်လတ်စ တစ်အိတ် ၂၄၅၀၀ ကျပ်ဖြစ်ပါတယ်။ ယခင် တစ်ပတ်နဲ့နှိုင်းယှဉ်ရင် ဆန်ဈေးများ တက်လာပါတယ်။ ယခုအပတ်အတွင်း လျှပ်စစ်မီးမမှန်လို့ မီးအပျက် များတဲ့အတွက် စက်ကြိတ်အားကျဆင်းနေခြင်း၊ မုန်တိုင်း(မဟာစင်) အတွက် ကြိုတင်သတိပေးချက် များကြောင့်စက်လှေများ၊သင်္ဘောများ မထွက်နိုင်ဘဲရေလမ်းမှ ဆန်အဝင်နည်းနေခြင်းများကြောင့် ဆန်ဈေး များပုံမှန်ထက် ဈေးပိုတက်ခဲ့ရခြင်းဖြစ်ပါတယ်။ တရုတ်၊ မူဆယ်လိုင်း ပို့ကားခကျဆင်းနေမှုကြောင့် ဆန်ကြမ်း အချို့နဲ့အချောဆန်ကွဲ၊ကောက် ညှင်းဆန်သာအပို့ရှိနေကြောင်း၊ မြဝတီလိုင်းမှလည်းဆန်ကွဲ Extra ကို ပြည် တွင်း ဈေးနှုန်းဖြစ်ပေါ်မှုပေါ်မူတည်ပြီး အဆွဲရှိနေကြောင်း၊ ကုန်စည်ဒိုင်ဈေးကွက်မှ သိရပါတယ်။ ဝါးတန်းကုန် စည်ဒိုင်သို့ဆန်အ ဝင်မှာ လျှပ်စစ်ပြတ်တောက်မှုနှင့် ရာသီဥတုကြောင့် ဆန်အဝင်နည်း နေပြီး ပစ္စည်းပြတ်ချိန် ဝယ်လိုအားမှာ သွက်နေလို့ဆန်ဈေးနှုန်း အနည်း ငယ် ဆက်တက်လာနိုင်ကြောင်း သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့ ဆန်စပါးဈေးကွက်မှာ ဧည့်မထစပါးဈေး တစ်တင်း ၃၆၅၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၁၅၅၀၀ ကျပ်၊ ပေါ်ဆန်းစပါးဈေး တစ်တင်း ၄၈၅၀ ကျပ်၊ ဆန်လတ်စ တစ်အိတ်၂၀၀၀၀ကျပ်ဖြစ်ပါ တယ်။ယခင်တစ်ပတ်နဲ့နှိုင်းယှဉ်ရင်ဧည့်မထဆန်ဈေးစပါးဈေး အနည်း ငယ် တက်လာပါတယ်။ တောင်သူလက်ထဲတွင် အတိုင်းအတာထက် ပိုလျှံစပါးနည်းခြင်းကြောင့် ကုန်သည်ပွဲစား များဈေးမြှင့်ပေးသော်လည်း အရောင်းအဝယ်နည်းခြင်း၊ မြဝတီ၊ မူဆယ်၊ ရှမ်းပြည်၊ မန္တလေးများသို့ တင်ပို့မှုများရှိခြင်းတို့ကြောင့်စပါးဈေး၊ ဆန်ဈေးမြင့်ရခြင်းဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရဲ ၂၀၁၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာဧည့်မထ(မနော်) စပါးဈေးတစ် တင်း ၆၇၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ်၂၆၀၀၀ ကျပ်၊ ပေါ်ဆန်း ဘေးကြား စပါးဈေး တစ်တင်း ၈၅၀၀ ကျပ်၊ ဆန်လတ်စတစ်အိတ် ၃၁၀၀၀ ကျပ် ဖြစ်ပါတယ်။ ယခင်တစ်ပတ် နဲ့ နှိုင်းယှဉ် ရင် ပေါ်ဆန်း ဘေးကြားဆန်ဈေး၊ စပါးဈေးအနည်းငယ်တက်လာပါတယ်။ စပါး အထွက် နှုန်းလျော့ခြင်း၊ေ လှာင်လက်များလက်ဝယ်ရှိပြီး၊ ဇွန်၊ ဇူလိုင် လတွင်မှ ထုတ်မည်ဖြစ်၍ ဈေးတက်ရခြင်းဖြစ်ပါတယ်။ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ဆန်စက်များ မလည်ပတ်နိုင်၍ ဆန်မထွက်လို့ ဆန်ဈေးကြွနေရခြင်း၊ မုန်တိုင်း ရာသီဥတုဒဏ်ကြောင့်လည်းကောင်း၊ နွေစပါးပေါ်ရန်တစ်လခွဲလောက်လိုနေသေး၍နွေစပါးမပေါ်ခင်ဆန် ဈေး၊ စပါးဈေးများတက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရဲ့ ၂၀၁၃ ခုနှစ်မေလ ၁၇ ရက် နေ့ ဆန်ဈေးကွက်မှာ ဧည့်မထဆန်လတ်စ တစ်အိတ် ၁၇၅၀၀ ကျပ်၊ ပေါ်ဆန်းဆန်လတ်စ တစ်အိတ် ၃၀၀၀၀ ကျပ် ဖြစ်ပါတယ်။ယခင် တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဆန်ဈေးအနည်းငယ် တက်လာပါတယ်။ ရာသီ ဥတုပူပြင်းသဖြင့် ဆည်ရေများနည်းသွားခြင်း၊ ဆည်နဲ့နီးသော ဒေသများ၌သာ စိုက်ပျိုးနိုင်ခြင်း၊ ဆန်ကြမ်းများမှာလည်း ပြည်ပဝယ် လက်များနေခြင်းနဲ့ သယ်ယူစရိတ်၊ကားခမှာလည်းဈေးတက် လာခြင်း တို့ကြောင့် ယခုတစ်ပတ် ဆန်ဈေးတက်လာရခြင်းဖြစ်ပါတယ်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရဲ့ ၂၀၁၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးဈေး တစ်တင်း ၄၁၀၀ ကျပ်၊ဆန်လတ်စတစ်အိတ်၁၅၅၀၀ကျပ်၊ပေါ်ဆန်းစပါးဈေးတစ်တင်း ၅၁၀၀ ကျပ်၊ ဆန်လတ် စတစ်အိတ် ၂၀၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင် တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဆန်ဈေး၊ စပါးဈေး အနည်းငယ် တက်လာ ပါတယ်။ တောင်သူများလက်ဝယ်ဒေသထွက်စပါး လက်ကျန်နည်း နေပြီး ဧည့်မထစပါးကို မျိုးချန်နေကြရ ပါတယ်။ ဒေသတွင်း စားသုံးမှု ပုံမှန်ရှိနေပြီး အရောင်းအဝယ်မှာလည်း ပုံမှန်သာရှိတယ်လို့ သိရပါ တယ်။                     MIRT - DOTP