Main menu

Background

ယခုရက်ပိုင်းအတွင်း အိန္ဒိယမွန်ဘိုင်းဈေးကွက် မြန်မာ မတ်ပဲ၊ ပဲစင်းငုံနီဈေးတက်၊ ၂၀၁၂-၂၀၁၃ ပဲအထွက်တိုး မည်ခန့်မှန်း

Mon, 05/20/2013 - 11:04 -- ydnar

အိန္ဒိယမွန်ဘိုင်းဈေးကွက်တွင် မြန်မာမတ်ပဲ၊ ပဲစင်းငုံနီ များ အဝယ်လိုက်လာ၍ ဈေးတက်ခဲ့ပါတယ်။ ရာဂျက်စသန်နဲ့ မဒ္ဒရာ ပရာဒက်ရှ်ပြည်နယ်တွေက အသစ်ထွက်လာတဲ့ ကုလားပဲအသစ်တွေဈေးကွက်ထဲကို ရောက်ရှိလာနေပြီး ဝယ် လိုအားများတဲ့အတွက် ဈေးတက်နေကြောင်း သိရပါတယ်။

NCDEX ကုန်စည်ဒိုင်မှာ ကုလားပဲကြိုပွိုင့်ဈေး အတက် အကျဖြစ်ပေါ်နေပေမဲ့ ရာဂျက်စသန်ပြည်နယ်၊ မဒ္ဒရာပရာ ဒက်ရှ်ပြည်နယ်၊ မဟာသျှတ္တရပြည်နယ်တွေလို ကုလားပဲ အဓိကစိုက်တဲ့ ပြည်နယ်တွေက ပဲသစ်ပေါ် ရောင်း အားပိုများ နေတာကြောင့် ဈေးကွက်ပေါက်ဈေးကို ဆွဲချသလိုဖြစ်နေပါ တယ်။ လက်ရှိကုလားပဲစိုက်ဧရိယာက မနှစ်က စိုက်ဧရိယာနဲ့ ယှဉ်ရင် ၉၅ ဒသမ ၁၇ ဟက်တာသိန်းရှိနေပြီး မနှစ်ကထက် ၅ ဒသမ ၆ ရာခိုင်နှုန်းပိုမိုစိုက် ပျိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။ မေလ ၃ရက်နေ့မှာ ထုတ်ပြန်တဲ့ တတိယအကြိမ်အကြို ခန့်မှန်းချက်အရ  ၂၀၁၂-၂၀၁၃ ပဲ စုစုပေါင်းအထွက်ဟာ တန်ချိန် ၁၈ သန်းအထိ ရောက်နိုင်ပြီး ယခင်နှစ်ထက် ၅ ဒသမ ၇၆ ရာခိုင်နှုန်းတိုးတက်လာပါတယ်။ ကုလားပဲ အထွက် ကိုတော့ တန်ချိန် ၈ ဒသမ ၄၉ သန်းထွက်မယ်လို့ မှန်းထားပါ တယ်။  ဒီနှစ် ကုလားပဲအထွက်ဟာ ၂၀၁၀-၂၀၁၁ ခုနှစ်က စံချိန်တင်ထားတဲ့အထွက်တန်ချိန် ၈ ဒသမ ၂ သန်းကို ကျော် လွန်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယအစိုးရက ကုလားပဲ ရဲ့ အနိမ့်ဆုံးထောက်ပံ့ဈေးကို ၁၄ ရာခိုင်နှုန်းမြှင့်ပြီး တစ် ကွမ်တယ်ကို ရူပီး ၃၂၀၀ (၅၈ ဒေါ်လာခန့်) အထိ တိုးပေး လိုက်တာကြောင့်ရယ်၊ ၂၀၁၂ ခုနှစ်တုန်းက အမြတ်များများ ရလိုက်တာကြောင့် ၂၀၁၂-၂၀၁၃ မှာ ကုလားပဲကို တိုးချဲ့ စိုက်ပျိုးလာကြတာ ဖြစ်ပါတယ်။ အိန္ဒိယကို ကုလားပဲ အဓိက တင်ပို့နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့  သြစတေးလျနိုင်ငံရဲ့ ၂၀၁၂-၂၀၁၃ ကုလားပဲအထွက်ကိုတော့ တန်ချိန် ၇၁၃၀၀၀ တန် ထွက်ရှိဖို့ ခန့်မှန်းထားပါတယ်။နှင်းဧကရီ DOTP