Main menu

Background

ဟင်္သာတကုန်စည်ဒိုင်မှာ မတ်ပဲ၊ ပြောင်းဈေးကွက် ပုံမှန်အရောင်းအဝယ်သွက်နေပြီး၊ ကျန်ပဲများ အရောင်းအဝယ်အေး

Mon, 05/20/2013 - 11:04 -- ydnar

ဟင်္သာတပဲဈေးကွက် မတ်ပဲဈေး မှာ တစ်တင်းကို ၁၇၃၀၀ ကျပ်ဈေးနဲ့ ပုံမှန်အရောင်းအဝယ်သွက် နေကြောင်း သိရပါတယ်။ဒေသခံလှောင်လက် ကုန် သည်ကြီးများလည်း ဝယ်ယူနေသလို ရန်ကုန်ဝယ်လက် ကုန်သည်ကြီးများရဲ့ ပုံမှန်ဝယ်ယူအားကြောင့် တစ်နေ့ကို အိတ် ၄၀၀၀ မှ ၅၀၀၀ ကြား အရောင်း အဝယ် ဖြစ်နေပါတယ်။

အစေ့ထုတ်ပြောင်းသီးနှံမှာ လည်း မေလဆန်းမှစပြီး တဖြည်းဖြည်းဈေး မြင့်လာရာ ယခု တစ်ပတ် ပြောင်းဈေး နှုန်းမှာ ပိဿာ ၂၀ ဝင် တစ်တင်းကို ၈၅၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ပြု လုပ်ကြပြီး၊ ယခင်တစ်ပတ်ထက် တစ် တင်းကို ၈၀၀ ကျပ်ခန့်မြင့်တက်လာခဲ့ပါ တယ်။ ပြောင်းစီးထွက်မှုအနေနဲ့ ရန်ကုန် ဈေးကွက် ကို အိတ် ၅၀၀ ခန့်၊ မန္တလေး ဈေးကွက်ကို အိတ် ၁၅၀၀ ခန့် တင်ပို့ နိုင်ခဲ့ပါတယ်။ ပဲလွန်းဖြူ၊ ပဲပုပ်၊ ပဲတီစိမ်းသီးနှံ များမှာ အဝင်လျော့ ပစ္စည်း လက်ကျန် ပါ လျော့သွားပြီဖြစ်လို့ ပုံမှန်ရောင်း ဝယ်မှု မရှိတော့ဘဲ တစ်ပတ်အတွင်းမှ သာ လွန်းဖြူပဲအိတ် ၃၀၀၊ ပဲတီစိမ်း အိတ် ၂၀၀၊ ပဲပုပ်အိတ် ၃၀၀ ခန့်သာ ရန်ကုန်ဈေးကွက်ကို တင်ပို့နိုင်တယ်လို့ သိရပါတယ်။ ဈေးနှုန်းများအနေနဲ့ ယခု တစ်ပတ်မှာပဲလွန်းဖြူတစ်တင်း ၁၄၅၀၀ ကျပ်၊ ပဲတီစိမ်းတစ်တင်းကို ၂၅၀၀၀ ကျပ်၊ ပဲပုပ်တစ်တင်းကို ၂၀၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါ တယ်။      အေးအေးခိုင် - ဟင်္သာတ