မုံရွာကုန်စည်ဒိုင် မေလဒုတိယ ပတ် ပဲဈေးကွက်မှာ ပဲအများစုပေါက် ဈေးနဲ့ အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့ပေမဲ့ ပဲစင်းငုံနီကတော့ အနိမ့်ဈေးပေါက်ချိန် ရန်ကုန်ဝယ်လက်ဝယ်ယူမှုများပြားခဲ့သလို ရောင်းလက်လည်းများခဲ့တယ်လို့ ဒိုင်ရပ် ကွက်က ဆိုပါတယ်။ ယခုတစ်ပတ် ကုလားပဲဈေးကွက်အနေနဲ့ယခင်အပတ် က ပေါက်ဈေးဝန်းကျင်မှာပဲ ငြိမ်နေခဲ့ပြီး ဒေသတွင်း ဝယ်လက် အဝယ်အေးခဲ့ တယ်လို့ဆိုပါတယ်။ ယခုတစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲ တစ် တင်း အမြင့်ဆုံး ဈေးများကတော့ ကုလားပဲ (ရိုးရိုး) ၁၇၈၀၀ ကျပ်၊ ထိုင်ဝမ် ၁၈၁၀၀ ကျပ်၊ V2 ၁၈၆၀၀ ကျပ်နဲ့ 929 ၁၈၃၀၀ ကျပ် ပေါက်ခဲ့ကြပြီး၊ အရောင်းအဝယ်အားဖြင့် တစ်ရက် အိတ် ၁၅၀၀ ခန့်ရှိတယ်လို့ ကုန်သည် နဲ့ပွဲရုံရပ်ကွက်က သိရပါတယ်။
ဒီတစ်ပတ်မှာ မုံရွာငုံနီဈေးကွက် အတွင်း ရန်ကုန်ဝယ်လက် ဝယ်လိုအား ကောင်းခဲ့လို့ တစ်ရက် အိတ် ၂၀၀၀ မှ ၂၅၀၀ ကြား နေ့စဉ်အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပေါက်ဈေးအနေနဲ့ တစ် တင်း ၂၀၃၀၀ ကျပ်မှ ၂၀၇၀၀ ကျပ် ကြား ဖြစ်ပေါ်ခဲ့ပြီး၊ ရောင်းလိုအားနဲ့ ဝယ်လိုအား မျှတကောင်းမွန်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ် ငုံနီစီးဆင်းမှု အနေနဲ့ မြင်းမူဆိပ်ကမ်းမှ ရေယာဉ်နဲ့ တင်ပို့မှု မရှိဘဲ မော်တော်ယာဉ်များနဲ့ ရန်ကုန်တိုက်ရိုက် တင်ပို့ခဲ့ကြရာ အိတ် ၁၅၀၀၀ခန့်ရှိတယ်လို့သယ်ယူပို့ဆောင် မှုရပ်ကွက်က သိရပါတယ်။ ပဲတီစိမ်း ဈေးကွက်မှာတော့ ယခု တစ်ပတ်မှာ မြောင်နဲ့မြင်းမူနယ်ဘက်က ပဲ အဝယ်များလာသလို နယ်စုံက အနည်းငယ်စီ ဝင်ရောက်လာခဲ့ကာ တရုတ်ဝယ်လက် ဝယ်လိုအားကောင်း လို့ တစ်ရက် အိတ် ၃၀၀ မှ ၄၀၀ ကြား နေ့စဉ် အရောင်းအဝယ် ဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။ ပေါက်ဈေးအနေနဲ့ ယခင် အပတ်ကထက်ပိုကာတစ်တင်း ၂၅၅၀၀ ကျပ်ဖြစ်ပေါ်ခဲ့ပါတယ်။ ထောပတ်ပဲနဲ့ စွန်တာနီဈေးကွက် တို့လည်းယခုအပတ်အတွင်းဒေသ ဝယ် လက်အပြင် ရန်ကုန်အဆွဲပါရှိလို့ ဈေး အနည်းငယ်တက်ခဲ့ရာ စွန်တာနီ တစ် တင်း ၁၆၀၀၀ ကျပ်နဲ့ ထောပတ် တစ်တင်း ၁၆၃၀၀ ကျပ်ထိပေါက်ဈေး ဖြစ်ပေါ်ခဲ့ပါတယ်။ အရောင်းအဝယ် အားဖြင့် ပဲတစ်မျိုး တစ်ရက် အိတ် ၅၀၀ စီရှိခဲ့တယ်လို့သိရပါတယ်။ မြေထောက် ပဲဈေးကွက်အနေနဲ့ နယ်ကပဲအဝင် မရှိတော့ဘဲဒေသကုန်သည် လက်ကျန် ပဲအချို့အရောင်းအဝယ် ဆက်လက်ဖြစ် ခဲ့ပြီး တစ်တင်း ၂၆၀၀၀ ကျပ်၊ ၂၈၀၀၀ ကျပ်ဈေးများနဲ့ တစ်ရက် အိတ် ၃၀၀ မှ ၄၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က လေ့ လာ သိရှိရပါတယ်။ ထွန်းလှိုင်-မုံရွာ