Main menu

Background

မေလ တတိယတစ်ပတ်လုံး ဈေးအငြိမ်နဲ့ အရောင်းအဝယ်ဖြစ်တဲ့ V2 နဲ့ ထိုင်ဝမ်

Mon, 05/20/2013 - 11:48 -- ydnar

မန္တလေးကုန်စည်ဒိုင် (ပွဲစားကုန် သည်စက်ပိုင်များ ကထိန်တော်အသင်း) မှတစ်နှစ်ပတ်လုံးနေ့စဉ်နီးပါး အရောင်း အဝယ်ရှိတဲ့ ကုလားပဲဖြူကြီးနဲ့ ကုလားပဲ ထိုင်ဝမ်များ ယခုမေလ တတိယအပတ် မှာလည်း အခြားပဲ၊ ပြောင်း၊ နှမ်းလို အရောင်းအဝယ် မအေးဘဲ ပုံမှန် အရောင်းအဝယ်ရှိပါတယ်။ ရန်ကုန် ဝယ်လက်နဲ့ ပြည်ပ(အိန္ဒိယ)ဝယ်လက် အဆွဲအေးပေမယ့် ဒေသတွင်း ပဲခွဲစက် များနဲ့ လက်ကြီးလှောင်လက်သမားတွေ ကြောင့် အရောင်းအဝယ်ပုံမှန် လည် ပတ် နေပါတယ်။

ကုလားပဲဖြူကြီးနဲ့ ကုလားပဲ ထိုင်ဝမ် လက်ရှိ အရောင်းအဝယ် ဖြစ်မှုမှာ ကုလားပဲဖြူကြီးတစ်ပိဿာ ၉၇၈ ကျပ် (တစ်တန် ၅၉၈၉၁၇ ကျပ်)နဲ့ နေ့စဉ်သုံးတင်းအိတ် ၇၀၀ (၆၅၀၄၄ တန်)၊ ကုလားပဲထိုင်ဝမ်တစ်ပိဿာ ၉၆၉ ကျပ်နဲ့ သုံးတင်းအိတ် ၈၀၀ ခန့် (၇၃ ဒသမ ၄၈၂ တန်ခန့်) နှစ်ခုပေါင်း သုံးတင်းအိတ် ၁၅၀၀ (၁၃၈ တန်) အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မန္တလေးတိုင်း ဒေသကြီးအပြင် အခြားတိုင်းဒေသကြီးများမှ ဝင်ရောက် လာတဲ့ V2 နဲ့ ကုလားပဲထိုင်ဝမ်များ အရောင်းနဲ့အဝယ်မျှတမှုရှိတာကြောင့် ကုန်စည်စီးဆင်းမှု သွက်လက်လျက် ရှိ ကြောင်း၊ ပြည်ပ(အိန္ဒိယ)အဆွဲမျှော်တဲ့ လှောင်လက်တွေရှိသလို ကုန်စည်ဒိုင် အခေါ် ပုခုံးပြောင်း၊ ပုခုံးလွှဲပြုလုပ်တဲ့ ပွဲစားကုန်သည် ငယ်များလည်း သွက် သွက်လက်လက် အရောင်းအဝယ်ပြု လုပ်နေကြောင်း၊ ပဲခွဲစက်ကြီးများမှာ သိုလှောင်ကြိတ်ခွဲခြင်းကြောင့် V2 နဲ့ ကုလားပဲ ထိုင်ဝမ်ဈေး ယခုဈေးနဲ့ပဲ တန်းပြီး ငြိမ်နေနိုင်ကြောင်း၊ ပွဲစားကုန် သည်တစ်ဦးကပြောပါတယ်။စိုးအောင် - မန္တလေး