Main menu

Background

ပခုက္ကူကုန်စည်ဒိုင်ရဲ့ ပွတ်ကာသီကာအရောင်းအဝယ်

Mon, 05/20/2013 - 11:51 -- ydnar

၂၀၁၃ ခုနှစ်၊ မေလ ဒုတိယပတ် ပခုက္ကူကုန်စည်ဒိုင် အရောင်းအဝယ်ကို ကြည့်ရင် ရောင်းတယ် ဝယ်တယ်၊ အရောင်းအဝယ်ဖြစ်တယ်လို့ဆိုရပေမဲ့ ဈေးနှုန်း၊ အရောင်းအဝယ်ဖြစ်တဲ့အတိုင်းအတာစတာတွေ နည်းတယ်လို့သိရ ပါတယ်။ ပဲစင်းငုံနီတစ်ပိဿာ ၁၀၂၅ ကျပ်၊ တစ်တင်း ၂၀၅၀၀ ကျပ်မှ တစ်ပိဿာ ၁၀၆၀ ကျပ်၊တစ်တင်း ၂၁၂၀၀ ကျပ်ဆိုတော့ အနည်းငယ်တက်လာတယ်လို့ဆိုရမှာ ဖြစ် ပေမဲ့ တစ်ရက်ချင်း ပွတ်ကာသီကာ တစ်ပိဿာ အပေါ် ၂၀ ကျပ်၊ ၂၅ ကျပ်အကွာ၊ တစ်တင်းအပေါ် ၁၀၀ ကျပ်အကွာ၊ ၂၀၀ ကျပ်အကွာနဲ့ အရောင်းအဝယ်ဖြစ်နေ တာပါ။ စီပီပြောင်းဖူးစေ့လည်း တစ်ပိဿာ ၄၃၃ ကျပ်၊ တစ်တင်း ၇၈၀၀ ကျပ်မှ တစ်ပိဿာ ၄၅၂ ကျပ်၊ တစ်တင်း ၈၁၅၀ ကျပ်ပါ။ ကျန်တဲ့ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဝါကြီး၊ ပဲတီစိမ်းတွေအနေနဲ့လည်း နည်းနည်းဆင်း၊ နည်းနည်း တက်နဲ့သာ အရောင်းအဝယ်ဖြစ်နေတာပါ။ ကုလားပဲဝါတစ်တင်း ၁၈၂၀၀ ကျပ်၊ ကုလားပဲဖြူ လုံးကြီး V2 တစ်တင်း ၁၈၆၀၀ ကျပ်၊ ပဲတီစိမ်းတစ်တင်း ၂၅၂၀၀ ကျပ်ဈေးတွေပါ။ ခြုံငုံသုံးသပ်ရရင်တော့ အရောင်းအဝယ်ဖြစ်တယ်။ အရေအတွက်နည်းနည်းနဲ့ ဈေးနှုန်းတွေအနေနဲ့ ပွတ်ကာသီကာဖြစ်ရတယ်လို့သာ ပြောရမှာပါ။ မြင့်ဦး-ပခုက္ကူ