Main menu

Background

ပြည်ချင်းဈေးငြိမ်ပြီး၊ ပုံမှန်ရောင်းဝယ်ဖြစ်

Mon, 05/20/2013 - 11:55 -- ydnar

မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကူးသန်းရောင်းဝယ်ရေး စခန်းမှ မေလဒုတိယ ပတ်မှာကန်ဒေါ်လာ သုည ဒသမ ၀၄၆ သန်းတန်ဖိုးရှိ ချင်းစို ၁၇၆ တန်နဲ့ ကန် ဒေါ်လာ သုည ဒသမ ၀၃၀ သန်းဖိုးရှိ ချင်းခြောက် ၁၅ တန် တင်ပို့နိုင်ခဲ့ သလို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၂၉ သန်းဖိုးရှိ ချင်းခြောက် ၁၅ တန်နီးပါးနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေမှ ကန်ဒေါ်လာသုည ဒသမ ၀၀၅ သန်းဖိုးရှိချင်းစို ၆ တန်တို့ အသီးသီးတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်က တမူးမှ ချင်း စိုတန် ၈၀၊ စစ်တွေမှချင်းစို ၅ တန်နဲ့ မူဆယ်မှ ချင်းခြောက်တန် ၃၀ နီးပါးတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ချင်းစိုရော ချင်းခြောက်ပါ တင်ပို့မှု ပိုမိုလာတယ်လို့ သိရပါတယ်။မော်မော်အောင်၊ MIRT (DCCA)