Main menu

Background

ကြက်သွန်နီ ယခင်အပတ်ထက် လျော့နည်းတင်ပို့

Mon, 05/20/2013 - 12:05 -- ydnar

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကူးသန်းရောင်းဝယ်ရေး ဇုန်က ၂၀၁၃ ခုနှစ် ဧပြီလတွင်  ကန်ဒေါ်လာ သုည ဒသမ ၂၆၀ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၆၄၉ တန်ကျော်တင်ပို့နိုင်ခဲ့ ပြီး အနီးစပ်ဆုံးကာလဖြစ်သော ၂၀၁၃ မတ်လနှင့်နှိုင်းယှဉ်ပါ ကကန်ဒေါ်လာသုည ဒသမ ၁၃၃ သန်းလျော့နည်းခဲ့ပါတယ်။ တစ်ဖက်နိုင်ငံ၏ဈေးကွက် အတွင်းသို့ ထိုးဖောက်ဝင်ရောက် နိုင်တဲ့ အနေအထားရှိပြီး ကြက်သွန်နီ အလုံးသေးများကိုပိုမို ကြိုက်နှစ်သ က်ကြောင်း၊ စားသောက်ဆိုင်များနဲ့ ဟိုတယ် အစားအစာများတွင် အသုံးများကြောင်း သိရှိရပါတယ်။

မြဝတီကူးသန်းရောင်းဝယ်ရေးဇုန်အနေနဲ့ ၂၀၁၃ ခုနှစ်မေလ ၈ ရက်မှ ၁၄ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၂၀၀ သန်းတန်ဖိုးရှိ ကြက်သွန်နီ တန် ၅၀၀ တင်ပို့ နိုင်ခဲ့ပြီး ယခင်အပတ်ထက်ကန်ဒေါ်လာ သုည ဒသမ ၁၁၈ သန်းလျော့နည်းတင်ပို့ခဲ့ပါတယ်။ ခင်မြနွယ်  MIRT (DCCA)