Main menu

Background

ငရုတ်သီးခြောက် ယခင်အပတ်ထက် ပိုမိုတင်ပို့နိုင်

Mon, 05/20/2013 - 12:06 -- ydnar

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကူးသန်းရောင်းဝယ် ရေးဇုန်က ၂၀၁၃ ခုနှစ်ဧပြီလတွင်  ကန်ဒေါ်လာ သုည ဒသမ ၂၂၇ သန်းတန်ဖိုးရှိ ငရုတ်သီးခြောက် တန် ၁၃၀ တင်ပို့နိုင် ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်သော ၂၀၁၃ မတ်လနှင့်နှိုင်း ယှဉ်ပါက ကန်ဒေါ်လာ သုည ဒသမ ၀၄၇ သန်းလျော့နည်း ခဲ့ပါတယ်။ မိမိနိုင်ငံမှငရုတ်သီးခြောက် များအား မဲဆောက်မှ ဘန်ကောက်အထိတင်ပို့ပြီး ဘန်ကောက်တွင်တန်ဖိုးမြှင့် ထုတ် ကုန်အဖြစ် ထုတ်လုပ်၍ မလေးရှားသို့ ဆက်လက်တင်ပို့ ကြောင်း သိရှိရပါတယ်။

မြဝတီ ကူးသန်းရောင်းဝယ်ရေးဇုန်အနေနဲ့ ၂၀၁၃ ခုနှစ်မေလ ၈ ရက်မှ ၁၄ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၁၇၉ သန်းတန်ဖိုးရှိ ငရုတ်သီးခြောက် ၁၀၅ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ထက်ကန်ဒေါ်လာ သုည ဒသမ ၀၀၉ သန်းပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ခင်မြနွယ် MIRT (DCCA)