Main menu

Background

ယန်းငွေကျဆင်းမှုအန္တရာယ်ကို ဆမ်ဆောင်းနဲ့ အယ်လ်ဂျီတို့ မျက်ခြည်မပြတ်စောင့်ကြည့်

Mon, 05/20/2013 - 12:18 -- ydnar

ကျဆင်းလျက်ရှိတဲ့ ဂျပန်ငွေကြေး ပြဿနာကို ဖြေရှင်းနိုင်ဖို့ အတွက် ဆမ်ဆောင်း၊ အယ်လ်ဂျီတို့အပါအဝင် ကုမ္ပဏီကြီးများနဲ့ ဟွန်ဒိုင်းမော်တာတို့ လို ပို့ကုန်လုပ်ငန်းရှင်တို့က ယခင်နှစ် နှစ်ကုန်မှစပြီး အရေးပေါ်လုပ်ငန်းအဖွဲ့ များ ဖွဲ့စည်း ဆောင်ရွက်ခဲ့ရကြောင်း စက်မှုလုပ်ငန်းဆိုင်ရာသတင်းရပ်ကွက် ကမေ ၁၂ ရက်ကပြောပါတယ်။

လေကြောင်းလိုင်းများက နောက် ဆုံးထုတ်ပြန်တဲ့ ဘဏ္ဍာရေးလုပ် ကိန်း ဂဏန်းများအရ ယန်းငွေ တန်ဖိုးကျတဲ့ ဒဏ်ကိုအသေအလဲခုခံကာကွယ်နေရ တာကိုတွေ့ရတဲ့အတွက် သူတို့လည်း ဒီဒဏ်ကလွတ်ကင်းမှုမရှိခဲ့တာကို တွေ့ ရပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်း များရဲ့ သုတေသနအဖွဲ့များက ယန်းငွေ ကျဆင်းမဲ့အရိပ်အယောင်တွေကိုပထမ အကြိမ်တွေ့ရပြီး နောက်ပိုင်း ယခင်နှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာကစပြီး ဒီလို အရေးပေါ် အဖွဲ့အစည်းတွေကို ပထမ အကြိမ် ဖွဲ့စည်းခဲ့တာ ဖြစ်ကြောင်း သတင်းရပ်ကွက်က ပြောပါတယ်။ ဂျပန်အစိုးရကဆောင်ရွက်တဲ့ စီးပွားရေးစွမ်းအားပေးအစီအမံတွေ ကြောင့် လွန်ခဲ့သောလပေါင်းများစွာ အတွင်း တန်ဖိုးကျဆင်းခဲ့ပြီးနောက် ဂျပန်ယန်းတွေတန်ဖိုးက ယခုနှစ်ပထမ သုံးလပတ်မှာ တောင်ကိုရီးယားဝမ်နဲ့ ဖလှယ်ရာမှာ ၁၄ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်းတောင်ကိုရီးယားဗဟို ဘဏ်ရဲ့ စာရင်းတွေအရ သိရပါတယ်။ အမေရိကန် ဒေါ်လာနဲ့ ဖလှယ်ရာမှာ လည်း ယန်းငွေတန်ဖိုး ကွဲတာကို သိသိ သာသာတွေ့ရပါတယ်။ ယခင်ရက်သတ္တပတ်က ယန်းငွေ တန်ဖိုးကဒေါ်လာနဲ့ဖလှယ်ရာမှာ တစ် ဒေါ်လာကို ယန်း ၁၀၀ အဆင့်ထိ ရောက်ရှိပြီး လေးနှစ်ကျော်ကာလအ တွင်းအနိမ့်ဆုံးအခြေအနေကို ရောက် ရှိခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ က ပြည်ပရှိပို့ကုန်ဈေးကွက်တိုင်းမှာလို လို ယှဉ်ပြိုင်နေရတဲ့အတွက် ယန်းငွေ တန်ဖိုးကျဆင်းမှုက ကိုရီးယားအတွက် ဆိုးဝါးတဲ့သတင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုအခြေ အနေပေါ်မှာ မူတည်ပြီး ယန်းငွေနဲ့ ဖလှယ်တဲ့အခါ ဝမ် ၁၀ ကျဆင်းတိုင်း နှစ်တစ်ပတ်လည်ဆုံးရှုံးမှုက ဝမ်ဘီလီယံ ၃၀ ထိရောက်ရှိနိုင်ပါတယ်။ ကိုရီးယားလေကြောင်းလိုင်းဖြစ် တဲ့ Korean Air  က ယခုနှစ် ပထမ သုံးလပတ်မှာ စုစုပေါင်းဝမ်ဘီလီယံ ၃၀၀ အရှုံးပေါ်နေပါတယ်။ ဒါပေမဲ့ ၂၀၁၂ ခုနှစ် ကာလတူက ဝမ် ၆၄ ဒသမ ၄ ထရီလီယံအမြတ်ပေါ်ခဲ့ပါ တယ်။