တိုကျို ကမ္ဘာ့အကြီးဆုံး မော်တော်ကား ထုတ်လုပ်သည့်တိုယိုတာကားကုမ္ပဏီ သည် ယခုနှစ်အတွင်း ဘဏ္ဍာရေး အကျိုးအမြတ်များကြောင့် ရှယ်ယာ တန်ဖိုးများ မြင့်တက်ခဲ့သည်။ တိုယို တာ ကုမ္ပဏီ၏ ဈေးကွက်အရင်းအနှီး တန်ဖိုးမှ အမေရိကန်ဒေါ်လာ ၂၁၄ သန်းရှိခဲ့ရာတောင်ကိုရီးယားမှ နာ မည်ကြီး ဆမ်ဆောင်းကုမ္ပဏီထက် ရှယ်ယာတန်ဖိုးများမြင့်တက်ခဲ့သည်။ ဆမ်ဆောင်းကုမ္ပဏီ၏ရှယ်ယာ တန် ဖိုး မှာ ၁၃၅၀ ဒေါ်လာ(ဝမ် ၁ ဒသမ ၅၀၆ သန်း) ရှိပြီး တိုယိုတာကား ကုမ္ပဏီ၏ ရှယ်ယာ တန်ဖိုးမှာ ၆၅၃၀ ယန်းဖြစ်သည်။
ဘန်ကောက်အိန္ဒိယနိုင်ငံ၏ အပိုလိုတာယာ ကုမ္ပဏီသည် ဈေးကွက်ချဲ့ထွင်သည့် အနေဖြင့်အာဆီယံဒေသတွင်းသို့ ခြေ ဦးလှည့်လာခဲ့သည်။ အပိုလိုတာယာ ကုမ္ပဏီသည် ပထမခြေလှမ်းအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်တွင် အခြေ စိုက်ကာ တာယာများကို တင်ပို့ ရောင်းချမည်ဖြစ်သည်။ ယခုအခါ တွင် အပိုလို ကုမ္ပဏီသည် အိန္ဒိယမှ ထိုင်း၊ အင်ဒို နီးရှားနှင့်ဖိလစ်ပိုင်နိုင်ငံ သို့ တင်ပို့ရန် စီစဉ်လျက်ရှိသည်။
မီလန်အီတလီနိုင်ငံ မီလန်မြို့တွင် မိုး မျှော် အထပ်မြင့် အဆောက်အအုံ များဆောက်လုပ်ရန်အတွက်ကာတာ သူဋ္ဌေးကြီးများက စတုရန်းမီတာ ၂၉၀ç၀၀၀ ကို ဝယ်ယူလိုက်သည်။ မီ လန်မြို့လယ်တွင် တည်ဆောက်မည့် အဆိုပါမိုးမျှော်အထပ်မြင့်အဆောက် အအုံ၏တန်ဖိုးမှာ ယူရို နှစ်ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ)ရှိကြောင်းကာတာမှ သူဋ္ဌေး ကြီးများအုပ်စုမှ ပြောကြားသည်။
ဟောင်ကောင် ဟောင်ကောင်မြို့ရှိ အချက် အချာကျသော နေရာများ၏ ငှား ရမ်းခနှုန်းထားများသည်တစ်စတုရန်း ပေလျှင် ၄၃၂၈ ဒေါ်လာရှိသည်။ နယူးယောက် မြို့ရှိ အမြင့်ဆုံးနေရာ များ၏ငှားရမ်းခသည်ပင် တစ်စတု ရန်းပေလျှင်၂၉၇၀ဒေါ်လာရှိခဲ့သည်။ လန်ဒန်တွင် ၁၇၅၃ ဒေါ်လာရှိခဲ့ပြီး ပဲရစ်တွင် ၁၇၅၀ ဒေါ် လာရှိခဲ့ရာ ဟောင်ကောင်ရှိငှားရမ်းခနှင့်စာလျှင် များစွာ နိမ့်နေသဖြင့် ဟောင်ကောင် သည် နေရာ ငှားရမ်းခနှုန်းမှာ အမြင့် ဆုံးတွင် ရပ်တည်နေသည်။