Main menu

Background

စင်ကာပူ စီးပွားရေးလုပ်ငန်းတွေ မြှင့်တင်ဖို့ စီးပွားရေးလုပ်ငန်းတွေက ဒစ်ဂျစ်တယ်စနစ်နဲ့ဈေးကွက်ရှာ

Mon, 05/20/2013 - 12:29 -- ydnar

သူတို့လုပ်ငန်းတွေတိုးမြှင့်ဖို့ အတွက် အသုံးစရိတ်ဘတ်ဂျက်နည်းပါးတဲ့ အသေးစားနဲ့အလတ်စားကုမ္ပဏီတွေက ဒစ်ဂျစ်တယ်သုံးဈေးကွက် ရှာဖွေရေး လုပ်ငန်းတွေကိုအသုံးပြုလာကြပါတယ်။ ဒါပေမဲ့အတတ်ပညာကို နားမလည် ရင် လုပ်လိုက်တဲ့ နည်းစဉ်တွေက အရည်အသွေးမပြည့်ဝတဲ့အ ပြင် စွမ်းဆောင် ရည်မရှိဘဲ ဖြစ်သွားတတ်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်က စင်ကာပူမှာ Impakt အားကစားသင်တန်းဖွင့်ခဲ့စဉ်ကလူသိနည်းခဲ့ပါတယ်။ ဒါပေမဲ့ ဈေး ကွက် ထဲမှာ အစကတည်းက ရောက်နေသူတွေပြည့်ကျပ်နေလို့ လူတွေအသိအမှတ် ပြုတာ ခံရဖို့က Impakt  အတွက် စိန်ခေါ်မှုဖြစ်နေပါတယ်။

ကြိုးစားရင်းနဲ့ Impakt ကို ပူးတွဲတည်ထောင်သူ ဂျိုးဇက်ချားက ဒစ်ဂျစ် တယ်မဟာဗျူဟာကိုအလေးပေးဆောင် ရွက်လာခဲ့ပါတယ်။ ဒီမဟာဗျူဟာက အကုန်အကျသက်သာတဲ့အပြင် ပိုမိုထိရောက်တာကို တွေ့ရပါတယ်။ ချာက ဖေ့စ်ဘုတ်၊ တွစ်တာနဲ့ ယူကျူတို့ကို ဈေးကွက်ရှာဖွေရေးကိရိယာ တွေအဖြစ် အသုံးပြုခဲ့ပါ တယ်။ နောက်ဆစ်ချ်အင်ဂျင်ကိုလည်း အသုံးပြုခဲ့ပါ တယ်။ Impakt က တိုးချဲ့အသုံးပြုလာတဲ့ ဒစ်ဂျစ်တယ်ဒေတာဘေ့စ်တွေက သူ့ စီးပွားရေးလုပ်ငန်းကိုမြှင့်တင်ရာမှာ အခရာဖြစ်လာပါတယ်။ ဒီလိုဆောင်ရွက် လိုက်တဲ့အတွက် ဖောက်သည်လောင်းတွေနဲ့ချိတ်ဆက်မိလာခဲ့ပါတယ်။ ဒစ်ဂျစ်တယ်ကိုအသုံးပြုလာတဲ့အတွက် သူတို့နဲ့ပတ်သက်တဲ့သတင်း အချက်အလက်တွေ၊ သူတို့အကြောင်းတွေ၊ သူတို့စိတ်ဝင်စားတာတွေကိုသိ နိုင်တဲ့အတွက် သိပ်ကို အရေးပါလာကြောင်း 3rd Space Asia   ရဲ့ အုပ် ချုပ်မှု ဒါရိုက်တာ နစ်ဖောဘတ်က ပြောပါတယ်။ ဖောက်သည် ဆက်ဆံရေး စနစ်ထဲမှာ ဒီအချက်အလက်တွေကို ကျွန်တော်တို့ မှတ်တမ်းတင်ထားလို့ ရတဲ့အတွက် သူတို့ရောက်လာတဲ့အခါ သူတို့အလိုရှိတာတွေကို ကျွန်တော်တို့ အများကြီးဆောင်ရွက်ပေးနိုင်တယ်လို့ ဆိုပါတယ်။