Main menu

Background

ကမ္ဘာကျော်ကုမ္ပဏီကြီးများက ဘေးအန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ကတိပြု

Mon, 05/20/2013 - 12:27 -- ydnar

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စက်ရုံတစ် ရုံပြိုကျပြီး လူပေါင်း ၁၁၀၀ ကျော်သေ ဆုံးပြီးနောက် ဘင်္ဂလားဒေ့ရှ်စက်ရုံတွေ မှာ လုပ်ငန်းခွင် အခြေအနေတိုးတက် ကောင်းမွန်အောင် သဘောတူညီမှုနဲ့ အညီဆောင်ရွက်ဖို့ ဘင်နက်တန်၊ ကာ ရီဖိုးနဲ့ မတ်စပင်ဆာတို့အပါအဝင် ကမ္ဘာကျော်ကုမ္ပဏီကြီးတွေက ကတိပြု ခဲ့ကြပါတယ်။ အနောက်နိုင်ငံ လက်လီ ရောင်းချ သူတွေကို ပေးသွင်းနေတဲ့ အထည်ချုပ်စက်ရုံတစ်ရုံ ဘေးအန္တရာယ် ကြုံတွေ့ရပြီး နောက်ပိုင်း မီးဘေးလုံခြုံ ရေးနဲ့ အဆောက်အအုံ ဘေးအန္တရာယ် ကင်းရှင်းရေး သဘောတူစာချုပ်ကို ချုပ် ဆိုပြီးဖြစ်ကြောင်း စပိန်နိုင်ငံမှ အင်ဒီ တက်နှင့် ဆွီဒင်မှ အိပ်ချ်အင်အမ်တို့ ကပြောကြားပြီးနောက်ပိုင်းယခုကြေညာ ချက်ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

သဘာတူညီချက်ကို ရက်အနည်း ငယ်အတွင်းမှာ လက်မှတ်ရေးထိုးတော့ မှာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက် အရ စက်ရုံပြင်ဆင်မှုအတွက် လက်လီ သမားတွေကို ပေးချေရမှာ ဖြစ်ပြီး အဆောက်အအုံနဲ့ မီးဘေး လုံခြုံရေး အတွက် စစ်ဆေးခံရမှာ ဖြစ်ပါတယ်။ "ဘင်္ဂလားဒေ့ရှ်မှာ ဘေးအန္တရာယ် ပိုမိုကင်းတဲ့ အထည်ချုပ်လုပ်ငန်းရှိဖို့လို အပ်တယ်ဆိုတာကို ကျွန်တော်တို့အသိ အမှတ်ပြုပါတယ်။ ကျွန်တော်တို့နဲ့အ လုပ်လုပ်ရင် စည်းကမ်းချက်တစ်ရပ်အ ဖြစ်ကျွန်တော်တို့ရဲ့ တင်းကျပ်တဲ့ ကျင့် ဝတ်စံနှုန်းတွေကို ကျွန်တော်တို့ကို ပစ္စည်းပေးသွင်းသူအားလုံးက လိုက်နာ ရပါမယ်" လို့ ဗြိတိန်နိုင်ငံမှ မတ်အင် စပင်ဆာကုမ္ပဏီ၏ ညွှန်ကြားရေးမှူး ကရစ်ရှန်ဟန်ဒါးက ပြောပါတယ်။ မတ် အင်စပင်ဆာက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စက်ရုံပေါင်း ၆၀ ခန့်မှဝယ်ယူလျက်ရှိ ပါတယ်။ ပြိုကျပစ္စည်းခံရတဲ့ စက်ရုံအချို့က ဝေါမတ်ကိုပစ္စည်းပေးသွင်းနေတဲ့ စက် ရုံတွေဖြစ်ပါတယ်။