Main menu

Background

ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ညောင်ပင်ဝန်းသရက်တောင်သူများနဲ့တွေ့ဆုံ

Mon, 05/20/2013 - 12:31 -- ydnar

စစ်ကိုင်းတိုင်းဒေသကြီး၊ ကုန်သွယ်မှုမြှင့် တင်ရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးဦးအောင် မောင်းနဲ့တိုင်း TPIS  ပြခန်းတာဝန်ခံဦးထွန်းလှိုင် တို့ဟာ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ပြည်ပပို့ကုန် သစ်သီးဝလံများအနက် တိုင်းအတွင်း ဈေးကွက်ဝင် သရက်သီးအများဆုံးစိုက်ပျိုးထွက်ရှိပြီး တင်ပို့မှု အားကောင်းတဲ့ စစ်ကိုင်းမြို့နယ် ၊ညောင်ပင်ဝန်းကျေး  ရွာသို့ မေလ ၁၁ရက်နေ့ကသွားရောက်ကာ ဒေသ ခံသရက်သီး စိုက်ပျိုးထုတ်လုပ်သူများ၊ ပွဲစားများနဲ့ တွေ့ဆုံပြီး ကုန်သွယ်မှုမြှင့်တင် ရေးဆိုင်ရာကိစ္စ များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။

ဒေသခံသရက်တောင်သူများနဲ့ သစ်သီးပွဲစား များမှညောင်ပင်ဝန်းကျေးရွာဝန်းကျင်မှာရွှေဟင်္သာ၊ စိန်တလုံးသရက်စိုက်ဧက ၃၀၀ နဲ့ တောင်သူ ၁၂၇ ဦးရှိပြီး၊ မူဆယ်ဈေးကွက်ကိုသာ အားပြုတင် ပို့ ရောင်းချရကြောင်း၊ ယခုနှစ် မေလပထမပတ်က စပြီး မူဆယ်ဈေးကွက်သို့ စိန်တလုံးသရက်များ စတင်တင်ပို့နိုင် ခဲ့ရာ ၁၆ ကီလို ဆန့်သရက်သီး ဂျပ်ဖာ ၅၀၀ ပါ ကား၄စီးတင်ပို့ခဲ့ပြီး၊စိန်တလုံးတစ် ဖာကိုမူဆယ်ဈေးယွမ် ၁၀၀ခန့်ရရှိကြောင်း၊ လက်ရှိ ဒေသစိုက်ပျိုးတဲ့နည်းစနစ်များ၊ အပင်ပြုစုခြင်းနဲ့ အသီး ထုပ်ပိုးမှုစနစ်များကို ရှင်းလင်းတင်ပြခဲ့ကြ ရာတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မောင်းမှ ဈေး ကွက်ဝင်သရက်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်း ချမှု အဆင့်ဆင့်ကို အောင်မြင်လျက် ရှိတဲ့ရှမ်း ပြည်နယ်သရက်ခြံများ ရဲ့နည်းစနစ်များ၊ နမူနာပြ ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ ဈေးကွက်ဝင်မယ့် သရက်သီးမျိုးများရွေးချယ် စိုက်ပျိုးခြင်း၊ ခေတ်မီစိုက်နည်းစနစ်ဖြစ်တဲ့ သရက်တစ်ပင်နဲ့တစ်ပင်၈ပေခြားစိုက်ပျိုးကာ အပင် လေဝင်လေထွက်ကောင်းမွန်အောင် ကိုင်းပိုများ ခုတ် ထွင်ရှင်းလင်းရေး၊ အသီၤးအားလုံးမယူဘဲ တစ် ပင်ကို သတ်မှတ်လုံးရေသာချန်ရန်၊ ဈေးကောင်းရမဲ့ အလုံးအရွယ် အစားနဲ့ အရည်အသွေးမီအောင် အိတ်စွပ်ထားရေး၊ အပင်နဲ့အသီးမှာ ကျရောက်နိုင် တဲ့ ပိုးမွှားအန္တရာယ်များကို ဂရုတစိုက်ကြပ်မတ်နှိမ် နင်းရေး၊ မြေသြဇာကို အပင်ခြေတွင်သာမက အပင်ရိပ်ကျနေရာအနှံ့ဖြန့်ဝေကျွေးမွေးရေး၊ ဆွတ် ခူးပြီး သရက်သီးများ စနစ်တကျ ထုပ်ပိုးရေးတို့ကို အသေးစိတ် ရှင်းလင်းညွှန်ပြရာ တောင်သူများမှ အထူးစိတ်ပါဝင်စားစွာ လေ့လာခဲ့ကြပါတယ်။ ထို့အပြင် ညောင်ပင်ဝန်းကျေးရွာရှိသရက် တောင်သူများနဲ့ သစ်သီးပွဲစားများအနေနဲ့ စိုက်ပျိုး နည်းစနစ် မြှင့်တင်နိုင်ရေး၊ ဈေးကွက်ကျယ်ပြန့်ခိုင် မာနိုင်ရေး၊လိုအပ်တဲ့နည်းပညာများပြည့်စုံစွာ ရရှိ နိုင်ရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊သစ် သီးဝလံပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင် ပို့ရောင်းချသူများအသင်းနဲ့ဝင်ရောက် ချိတ်ဆက်ရေး၊ မေလ ၂၈၊ ၂၉ ရက် မုံရွာမြို့ တော်ခန်းမမှာကျင်းပမဲ့ အိန္ဒိယ-မြန်မာကုန်စည်ပြပွဲ ၂၀၁၃ မှာဒေသထွက်သရက်သီးများပြသပြီး၊ ပြည် ပပို့ ကုန်မြှင့်တင်ရေးအတွက် သရက်သီးထုတ်လုပ် မှုကဏ္ဍမှ ဖြည့်စွက်ဆောင်ရွက်ပေးကြရန် ဆွေးနွေး မှာကြားခဲ့ကြောင်းသိရပါတယ်။  ထွန်းလှိုင်-မုံရွာ