Main menu

Background

အေးစက်စက်ဖြင့် လည်ပတ်နေသော ရန်ကုန်ကားဈေးကွက်

Mon, 05/20/2013 - 12:55 -- ydnar

သြင်္ကန်ပွဲတော်အပြီးကာလက ပင်စတင်အေးနေသောရန်ကုန်မြို့ ကားဈေးကွက်သည် မေလ လယ် ရောက်လာ သည်အထိ ထူးထူးခြား ခြားအရောင်းအဝယ်ကောင်းလှသည် မရှိပဲ ဈေးကွက်ပါးပါးနှင့်သာ တစ်ပိုင် တစ်နိုင်ဝယ်လက် များ အရောင်းသာ ရှိကြောင်း သိရသည်။

အထူးသဖြင့် မြို့တွင်းကားပွဲစား တန်းများတွင် ဟံသာဝတီ (ပင်မ) ယာဉ်ရောင်းဝယ်ရေးစခန်းရွှေ့ပြီး ချိန် မှစ၍ နှစ်နေရာကွဲပြားသွားပြီး ထိုနှစ် နေရာထဲမှာ မင်းရဲကျော်စွာဝိုင်းမှာ အချိန်ကန့်သတ်မှုများခြင်း၊ အရိပ် အာဝါသမကောင်းခြင်းတို့ကြောင့် ယခုလိုနွေရာသီတွင်လာရောက်ကြည့် ရှုသူနည်းပါးကြောင်း၊၎င်းနှင့်စာလျှင် သီရိ မင်္ဂလာဈေးဟောင်းပွဲစားတန်းမှ အရိပ်အမိုးအကာအောက်တွင်ရှိသဖြင့် လူဝင်များကြောင်း ယခင်ဟံသာဝတီ ဝါရင့်အကျိုးဆောင် ကိုမြင့်ကျော်မှ ပြောသည်။ ကားဈေးကွက်အေးလာပြီး ဈေး များတန်းနေသော်လည်း ယာဉ်အို/ ယာဉ်ဟောင်းအပ်နှံပြီးစလစ်ဈေးမှာ အမည်ပေါက် ၈၈ သိန်း၊ ၈၉ သိန်း ထိ မြင့်မာနေပြီး "လ" အက္ခရာယာဉ် ဟောင်းအပ်ကားမှာ ၈၃ သိန်းဈေး ရှိကြောင်း တက္ကစီစလစ်မှာမူ ၇၀ သိန်းဝန်းကျင်ရှိနေကြောင်း သိရ သည်။ ယခုကာလသည် ကျောင်းဖွင့်ရာသီ ကာလနီးကပ် လာသဖြင့် ယခင်အချိန် များကဆိုလျင် ကားဈေးတန်း အနည်းငယ်မြင့်တက်လာတတ်သော် လည်း ယခုနှစ်တွင်မူကား အဝင်များ ပြားသဖြင့် ထင်သလောက်အရောင်း အဝယ်မရှိပဲ ကျောင်းကားသုံးရန် စူ ဇူးကီးပစ်ကပ် ယခင်အဟောင်း (စီ အန်ဂျီ) သုံးများနှင့် ၂၀၀၃^၂၀၀၆ ထုတ် စူဇူကီးစူပါကယ်ရီနှင့်၊ ၆၆၀ စီစီ ဟိုက်ဂျက်ပစ်ကပ်များသာအနည်းငယ် အဝယ်ရှိကြောင်း၊ နယ်အဝယ်အနည်း ငယ်ရှိပြီး ၎င်း တို့မှာ ကိုရီးယားနိုင်ငံ ထုတ် လိုက်ထရပ်ပုံဆန်းများ ဝယ်ယူ လေ့ ရှိကြောင်း သိရသည်။ တက္ကစီစလစ်များမှာမူ ၆၈၊ ၇၀ သိန်း ဝန်းကျင်တွင်ရှိနေပြီး ကားအ ရောင်းစင်တာများရှိ နံပါတ်အနီတက္က စီများ ယခုအခါဝယ်လိုအားမျှသွား သဖြင့်ရောင်းရန်လက်ကျန်နည်းသွားသလို ပြင်ပဝယ်လက်များလည်းရှိရင်းနံပါတ် အနီ၊ အပြင်ရောက်ကားများသာ ဈေး အဟဖြင့်ဝယ်ယူတတ်ကြပြီး ယခုအခါ စီအန်ဂျီသုံးနှင့် ဒီဇယ်သုံးတက္ကစီ များ လည်းဈေးဆင်းလာကြောင်း တက္ကစီ ယာဉ်မောင်းတစ်ဦးမှ ပြောသည်။                        SN