Main menu

Background

မိုးရာသီ မန်းမြို့ရဲ့ ဆောက်လုပ်ရေးဈေးကွက်

Mon, 05/20/2013 - 13:02 -- ydnar

မန္တလေးတိုင်းဒေသကြီးအတွင်းမိုးရာသီကိုကူးပြောင်းလာပေမယ့် ဆောက် လုပ်ရေးပစ္စည်းများရဲ့ ဈေးနှုန်း ဟာသိသာစွာ ပြောင်းလဲမှုမရှိ ရောင်းဝယ်မှုမှာ သွက်လက်နေပါတယ်။ ဆောင်းရာသီ ပွင့်လင်းချိန်မှာ အုတ်ဈေးနှုန်း ဟာမတ္တရာ မှာ ပထမတန်းစား အုတ်တစ်ချပ်ကို ၈၀ ကျပ်၊ ဒုတိယတန်းစာ အုတ်ဟာ ၇၀ ကျပ်နဲ့တည်ငြိမ်စွာရောင်း ဝယ်မှုဖြစ်ခဲ့ပြီး မိုးရာသီရောက်ရှိလာတဲ့ မေလလယ်ပိုင်း မှာတော့ အုတ်ဈေးနှုန်းပြောင်းလဲချက်မရှိ ယခင်နှုန်းထား အတိုင်း ရောင်းဝယ်မှု တွင်ကျယ်နေပါတယ်။

ဆောက်လုပ်ရေးပစ္စည်းကုန်ကြမ်းဖြစ်တဲ့ သဲကလည်း မြစ်ရေကျချိန်နှုန်းမှာ သဲတစ်ကျင်း ၁၂၀၀၀ ကျပ်နဲ့ ရောင်းဝယ်ဖြစ်ခဲ့ပြီး၊ ယခုမေလလယ်ပိုင်းမှာလည်း သဲဈေးနှုန်းပြောင်းလဲမှုမရှိသလိုယခင်ထုံးတစ်အိတ် ၂၅၀၀ ကျပ်မှ ယခုဈေးနှုန်း လည်း ပြောင်းလဲမှုမရှိကြောင်း၊ ကျောက်တကျင်း ကျောက်ကြီးတစ်ကျင်း ၃၄၀၀၀ ကျပ်နှုန်းနဲ့ ဆက်လက် ရောင်းဝယ်မှုဖြစ်ကြောင်း သိရပါတယ်။ ပြည်တွင်းဖြစ်တံဆိပ်ဖြစ်တဲ့ အေသုံးလုံးဘိလပ်မြေဈေးနှုန်းဟာ ၅၆၀၀ ကျပ်မှ ယခုမေ၁၅ ရက်မှာ ၅၇၀၀ ကျပ်ဈေးကိုပြောင်းလဲမှုရှိပြီး ဆင်မင်း၊ မြန်မာ ဆင်၊ မြင်းခေါင်း၊ ကျားခေါင်းတံဆိပ်တွေကတော့ ၅၀၀၀ ကျပ်မှ ၅၂၀၀ ကျပ် ဝန်းကျင်နဲ့ အသီးသီးအရောင်းအဝယ်ဖြစ်နေပါတယ်။ တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများမှာ တိုက်များဆောက် လုပ်နေသကဲ့သို့ ပစ္စည်းထွက်ရှိမှု ဝင်ရောက်မှုတို့မှာလည်းမျှတမှုကြောင့်ဈေးနှုန်း များ သိသာစွာပြောင်းလဲမှုရှိကြောင်း သိရပါတယ်။ ပြည်ပထုတ်လုပ်တဲ့ ထိုင်းဘိလပ်မြေဖြစ်တဲ့ ဆင်တံဆိပ်နဲ့ စိန်တံဆိပ် ပစ္စည်း များဟာ ၆၈၀၀ ကျပ်မှ ၇၀၀၀ ကျပ်ဝန်းကျင်အထိဈေးကွက်မှာ ရောင်းဝယ်မှု   ရှိနေကြောင်း ဈေးကွက်အတွင်းမှသိရပါတယ်။        လွင်အေး - မန္တလေး