Main menu

Background

မန္တလေးမြို့မှာ ယာဉ်ထိန်းအင်အား တိုးမြှင့်ချထား

Mon, 05/20/2013 - 13:03 -- ydnar

မန္တလေးမြို့မှာ ယာဉ်ထိန်းအင် အားတိုးမြှင့်ချထားပြီး၊အလုပ်ခွင်သင်တန်း ပေးလျက်ရှိပါတယ်။သင်တန်းဆင်း ပြီးသူများအား လုပ်ငန်းခွင်ကျွမ်းကျင်သူ များနဲ့ တွဲဖက်ပြီး လုပ်ငန်းခွင်သင်တန်း ပေးလျက်ရှိပြီး၊ မန္တလေးတိုင်းဒေ သကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ရဲမှူးဦးသိန်း ကိုကိုက ပြောပါတယ်။

" မန္တလေးမြို့မှာသင်တန်း ဆင်းပြီး သားယာဉ်ထိန်းရဲ အင်အားအယောက် ၃၀ တိုးထားပါတယ်။ လက်ရှိ အင်အား ၃၀၀ရှိပါတယ်။မန္တလေးမြို့ရဲ့ယာဉ်စီးရေ  နဲ့ဆိုအင်အားလုံလောက်မှုမရှိသေးဘူး။ ယာဉ်ထိန်းရဲတစ်ဦးကို ဆိုင်ကယ် အစီး ၁၅၀၀၊ ကားအစီး ၂၀၀ကျော်ထိန်းနေ ရတယ်။သင်တန်းဆင်းလာတဲ့ယာဉ် ထိန်းရဲတွေကိုအလုပ်ခွင် သင်တန်းေ ပး ပြီးကျွမ်းကျင်ရင်သီးသန့်ချထားပေး မယ်။ မန္တလေးမြို့မှာ ယာဉ်ထိန်းရဲအဖွဲ့ လေးဖွဲ့က Mobile  team ဖွဲ့ပြီးဆောင် ရွက်နေပါတယ်" လို့ ရဲမှူးကဆက် လက်ပြောပါတယ်။ ယာဉ်တိုက်မှုအန္တရာယ်ကင်းရှင်း စေဖို့ ကျောင်းသုံးဗလာစာအုပ်များမှာ ပညာပေးရုပ်ပုံများ ထည့်သွင်းဖော်ပြ ထားမှာဖြစ်ကြောင်းသိရပါတယ်။ဇူးဇူး - မန္တလေး