Main menu

Background

HS.Code လိုင်းများအရ သွင်းကုန်အမယ် ၅၉၃ မျိုးအား တင်သွင်းခွင့်လိုင်စင်လျှောက်ထားရန်မလိုတော့ပါ

Mon, 05/20/2013 - 13:37 -- ydnar

ကုန်သွယ်မှုပမာဏတိုးတက် ရေးနဲ့ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေ ရေးတို့အတွက် ကုန်ပစ္စည်းလျှောက် ထားမှုများအားအဆင့်ဆင့် ဖြေလျော့ ခွင့်ပြုပေးခဲ့ရာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အမိန့် ကြေညာစာအမှတ် ၁၆/၂၀၁၃ နဲ့ကုန် ပစ္စည်း၁၆၆မျိုးအားတင်သွင်းခွင့်လိုင် စင် လျှောက်ထားရန်မလိုအပ် တဲ့  ကုန် ပစ္စည်းများအဖြစ် ခွင့်ပြုသတ်မှတ်ခဲ့ပြီး ဖြစ်ပါတယ်။

ယခုအခါ သွင်းကုန် ၁၆၆ မျိုး အားံ H.S Code လိုင်းများအရပြန် လည် စိစစ်ရာမှာ အမယ် ၅၉၃ မျိုးဟာ လိုင်စင်လျှောက်ထားရန်မလိုဘဲတင်သွင်း ခွင့်ရရှိသွားပြီလို့သိရပါတယ်။ ကုန် သည်လုပ်ငန်းရှင်များအနေ နဲ့ဖြေလျော့ ခွင့်ပြုထားတဲ့အမယ် ၅၉၃မျိုးအားတင် သွင်းမှုပြုရာမှာကုန်သွယ်မှုလုပ်ထုံးလုပ် နည်းများနဲ့အညီ လိုက်နာဆောင် ရွက် ကြရန် အသိပေးလိုက်ရပါတယ်။ သွင်းကုန်အမယ်၅၉၃မျိုးမှာ ပါဝင် တဲ့ပစ္စည်းအများစုဟာလူသုံးကုန်၊ စက် မှုကုန်ကြမ်း၊ လုပ်ငန်းသုံး၊ အိမ်သုံး၊ သစ်သီးဝလံ၊လျှပ်စစ်ပစ္စည်း၊ယာဉ်/စက် ပစ္စည်း၊ အပိုပစ္စည်း၊ ဆက်စပ်ပစ္စည်း များ၊အားကစားပစ္စည်း များဖြစ်ကြတာ ကို တွေ့ရပါတယ်။ နမူနာအားဖြင့်မီးဖိုချောင်သုံးစ တီးပစ္စည်း၊ စတီးထမင်းချိုင့်၊ ဟင်းချက် အိုး၊ ထမင်းပေါင်းအိုး၊ Gas  မီးဖို၊ ဖိနပ် ကုန်ကြမ်း၊ ဖိနပ် (အားကစား၊ သားရေ/ အခြားဆိုးလ်၊ ရော်ဘာ၊ ပလတ်စတစ်) ရေချိုးဆပ်ပြာ၊ သွားတိုက်ဆေး၊ ဆပ်ပြာ မှုန့်၊ ဆပ်ပြာမှုန့်ကုန်ကြမ်း၊ ဆပ်ပြာရည်၊ ဆပ်ပြာဆီ၊ ခေါင်းလျှော်ရည်ကုန်ကြမ်း၊ ဂျုံစေ့၊ ကမုတ်၊ ရေချိုးခန်းသုံးပစ္စည်း၊ သုတ်ဆေး၊ပေါလစ်၊ရေနံထွက်ဖယောင်း၊ အိတ်အမျိုးမျိုး (သားရေ)၊ (fibre/ ဘိုးလင်း) ဖြင့်ပြုလုပ်ထားသောစက္ကူ အိတ်များ၊ကား/စက်ဘီး/ဆိုင်ကယ် တာယာ၊ ကျွတ်များ၊ ကျွတ်မျိုးစုံ၊ လေ ယာဉ်/ဆိုင်ကယ်တာယာများ၊ စက်ဘီး အမျိုးမျိုး၊ စက်ဘီးအပိုပစ္စည်းအမျိုးမျိုး၊ ဘတ်ထရီခြောက်၊ဆောက်လုပ်ရေး လုပ် ငန်းသုံးအင်္ဂတေအမိုးပြား၊ ကြွေပြားမျိုး စုံ၊ကြွေပွတ်လုံး၊ကြွေအိမ်ဆောက်ပစ္စည်း ကြွေထည်အမျိုမျိုး၊ မှန်ပြား၊ မှန်အမျိုး မျိုး၊ သံဘောင်၊ စတီးဘောင်အမျိုးမျိုး၊ သွပ်ပြား (စတီးပြား)၊ မျက်နှာကြက်ပြား၊ U,I,4 Shaped  သံဘောင်များ၊ အမိုး ရိုက်သံ၊ အလျူမီနီယံ၊ မီးဖိုချောင်သုံး အလျူမီနီယမ်၊ဆိုးဆေး၊ ပေါင်းသတ်ရာ မှာသုံးတဲ့ ပစ္စည်း၊အလှကုန်၊မျက်နှာကြက် ပြား၊ ဓာတ်ခဲကုန်ကြမ်း၊ သံကြိုးခွေ၊ သံချိန်းကြိုး၊ စတီးပြားလိပ်၊ သံပြားလိပ်၊ သံပိုက်၊ သွပ်ရေစိမ်စတီးပြား၊ စတီးပိုက်၊ ပိုက်ဆက်ပစ္စည်း၊ သွပ်ရေစိမ်သံပြား လိပ်၊ သံခွေ၊ အိမ်သုံးပစ္စည်း အမျိုးမျိုး၊ ပရိဘောဂ (သတ္တု/သစ်သား/ပလတ်စ တစ်/ကြိမ်/ဝါး)၊ ပရိဘောဂအပို ပစ္စည်း၊ မွေ့ယာနဲ့မွေ့ယာ အပိုပစ္စည်း၊ ရေပူရေအေး စက်၊ စာရေးကိရိယာ၊ စက္ကူအမျိုးမျိုး၊ တစ်ရှူး၊ တစ်ခါသုံးစက္ကူလက်ကိုင်ပဝါ၊ ballpen၊ ခဲတံ၊ ခဲဖျက်၊ ကတ်ထူပုံနှိပ် စက္ကူ၊ နံရံကပ်စက္ကူ၊ ပုံနှိပ်မင်၊ Stepler pin ၊ လုပ်ငန်းသုံးကွန်ပျူတာ၊ Lap Top၊ ဂျုံစေ့၊ နေကြာစေ့၊ ရနံ့ဆီအမျိုး မျိုး၊ လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီး၊ ချည် အမျိုးမျိုး၊ ပိတ်စအမျိုးမျိုး၊ ချည်လုံး၊ နိုင် လွန်ချည်၊ မီးစက်၊ မီးအားထိန်းစက်၊  20 KW Transformer နဲ့အပိုပစ္စည်း၊ထရန် စဖော်မာကွိုင်ပြုလုပ်ရန်သံပြား၊ လျှပ်စစ် သုံးမော်တာ၊ LCD/LED TV၊ ရောင်စုံ TV၊ Video  ပြစက်စသည်တို့ပါရှိပါ တယ်။ အသေးစိတ်စာရင်းကို နေပြည် တော်၊ ရန်ကုန်နဲ့ကူးသန်း ရောင်းဝယ် ရေးစခန်းများမှာ စုံစမ်းနိုင်ပါကြောင်း အသိပေးလိုက်ရပါတယ်။ပန် (DCCA)