Main menu

Background

ဈေးပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပုံမှန်ဖြစ်တဲ့ ပြည်မြေပဲဈေး

Mon, 05/20/2013 - 14:48 -- ydnar

ပြည်ဈေးကွက်မှာ မြေပဲဆန်ဈေးမှာ ပြောင်းလဲမှုမရှိဘဲ ပုံမှန်ဖြစ်နေပါတယ်။ မင်းတုန်းနဲ့ကံမဘက်မှ ဆီကြိတ်မြေပဲဆန် တစ်နေ့ အိတ် ၅၀၀ ခန့် အဝင်ရှိသလို လုံးဆန်လည်း တစ်နေ့အိတ် ၂၀၀ ခန့် အဝင်ရှိနေပါတယ်။ မြို့ခံပွဲရုံများနဲ့ ဆီစက် များကအဝယ်ရှိပြီး ပွဲရုံများက ရန်ကုန်ဆီစက်များသို့ ပြန်ရောင်းချသလို၊ ပဲလှော် ဖိုများသို့လည်း ရောင်းချတာတွေ့ရပါတယ်။ ဆီစက်များကတော့ ဒေသတွင်းဆီ ဖူလုံမှုအတွက် ဝယ်နေပါ တယ်။ မြေပဲဆီဆန် တစ်ပိဿာ ၁၆၀၀ ကျပ်၊ လုံးဆန် တစ်ပိဿာ ၁၈၀၀ ကျပ်ဈေးနဲ့ ပုံမှန်အရောင်း အဝယ်ဖြစ် လျက်ရှိပါတယ်။  ဝေေ၀မင်း-ပြည်